ထိုင်းဘုရင့်တပ်မတော်သည် တရုတ် Norinco ကုမ္ပဏီထုတ် RA3 Artillery Locating and Fire Correction Radar များ လက်ခံရရှိခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်းကြီးဌာနကအတည်ပြုပြောကြားလိုက်သည်။ RA3 Radar သည် ရန်သူမှပစ်ခတ်လိုက်သည့် အမြောက်၊ ဒုံးလောင်ချာနှင့်မြေပြင်မှမြေပြင်ပစ် ဒုံးပစ်စင်များ၏တည်နေရာကိုချက်ချင်းထောက်လှမ်းသိရှိနိုင်သည့်ရေဒါအမျိုးအစားဖြစ်ပြီးမိမိအမြောက်တပ်ဖွဲ့ အားတန်ပြန်တိုက်ခိုက်နိုင်ရန် အထောက်အကူပေးစွမ်းနိုင်သည့်ရေဒါအမျိုးအစားလဲဖြစ်သည်။ ထို့ အပြင် အနိမ့်ပျံလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ယာဉ်များကိုပင်ထောက်လှမ်းနိုင်သည်။ ၄င်းရေဒါစနစ်တွင် optical infrared system နှင့် sound measuring system များ ပါထည့်သွင်းတည်ဆောက်ထားသောကြောင့် ရန်သူ၏ပုန်းခိုတိုက်ခိုက်ခြင်းကိုကာကွယ်ပေးနိုင်သည်။
Photo : (c) Thailand Artillery Regiment Marine Corps & RA3 Artillery Locating and Fire Correction Radar
Simple to understand information and constantly updated related to weapons and military equipment.
09 August 2016
ထိုင်းဘုရင့်တပ်မတော်သည် တရုတ် RA3 Artillery Locating Radar များလက်ခံရရှိ
အီရန်တပ်မတော်က AK-103 ခြေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူ
အီရန်တပ်မတော်သည် Kalashnikov Group ကုမ္ပဏီနှင့် AK-103 ခြေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူရန်အတွက်သဘောတူလက်မှတ်ကိုရေးထိုးခဲ့သည်။ AK-103 ရိုင်ဖယ်သည် ရုရှားထုတ်ခြေမှုန်းရေးရိုင်ဖယ်အမျိုးအစားဖြစ်ပြီးယနေ့ရုရှားတပ်မတော်တွင်အသုံးပြုနေသည့် AK-74M ခြေမှုန်းရေးရိုင်ဖယ်ကို ပြန်လည် ပြုပြင်မွန်းမံ၍အသစ်ထုတ်လုပ်ထားသည့်ဒီဇိုင်းဖြစ်ပြီးဖွဲ့စည်းပုံနှင့်နည်းပညာပိုင်းတွင်အများစုမှာတူညီကြသည်။ AK-103 ရိုင်ဖယ်တွင် ၇.၆၂ x ၃၉ မမ ကျည်ကိုအသုံးပြုထားပြီး Gas operated မောင်းပြန်စနစ်ကို အသုံးပြုထားသည်။ ရိုင်ဖယ်၏ အလျားသည် ၉၄၃ မီလီမီတာနှင့် အလေးချိန် ၃.၄ ကီလိုဂရမ်ရှိသည်။ မီတာ ၅၀၀ အတွင်းထိရောက်မှုရှိပြီး အမြန်ဆုံးပစ်ခတ်နှုန်းမှာ တစ်မိနစ်လျင် ကျည် ၆၀၀ တောင့်အထိရှိကာ ကျည် ၃၀ တောင့်ပါ ကျည်အိမ်ကို polymer ဖြင့်ပြုလုပ်ထားသည်။ AK-103 ရိုင်ဖယ်တွင် ရုရှားထုတ် AK-47 ရိုင်ဖယ်နှင် အခြား AKM ရိုင်ဖယ်များတွင် တပ်ဆင်အသုံးပြုကြသည့် ကျည်အိမ်များကိုလဲအလွယ်တကူတပ်ဆင်ကာအသုံးပြုနိုင်သည်။ AK-103 ရိုင်ဖယ်ကို ရုရှားအထူးတပ်ဖွဲ့ များတွင် အသုံးပြုကြပြီး လစ်ဗျား၊ ပါကစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံများသို့ တင်ပို့ ရောင်းချထားပြီးဖြစ်ကာအီသီယိုးပီးယား၊ဗင်နီဇွဲလားနှင့်ဗီယက်နမ်နိုင်ငံများတွင်လည်း လိုင်စင်ယူကာထုတ်လုပ်အသုံးပြုလျက်ရှိသည်။
30 May 2016
ကုန်းရေနှစ်သွယ် တက်ဆင်းပြုလုပ်နိုင်သော Be-200ChS လေယာဉ်အားထုတ်ဖော်ပြသ
ရုရှားနိုင်ငံရှိ Beriev လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီ မှ Be-200 လေယာဉ်အား အဆင့်မြင့်တင်၍ တည်ဆောက်ထားသည့် ကုန်းရေနှစ်သွယ် တက်ဆင်းပြုလုပ်နိုင်သော Be-200ChS လေယာဉ်ကို တနင်္လာနေ့ ကပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်သည်။ Beriev ကုမ္ပဏီသည် Be-200ChS လေယာဉ် ၆ စင်းကို အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာသို့ လည်းကောင်း၊ မီးငြိမ်းသက်သည့် စနစ်မပါသည့် Be-200ChS လေယာဉ် ၅ စင်းကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း ၂၀၁၈ ခုနှစ်မတိုင်မီလွဲပြောင်းပေးပို့ သွားရန်ရှိသည်။
တဆက်ထဲတွင် အင်ဒိုနီးရှားနိုင်သည် Be-200 လေယာဉ်များအားရုရှားနိုင်ငံမှဝယ်ယူသွားရန် စိတ်ဝင်စားလျက်ရှိသည်။ Be-200 လေယာဉ်များသည်တောမီးငြိမ်သက်ရာတွင်လည်းကောင်း၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် လည်းကောင်း၊ကင်းလှည့်လေယာဉ်အဖြစ်လည်ကောင်း၊ ကုန်တင်လေယာဉ်အဖြစ်လည်ကောင်း အသုံးပြုနိုင်သည့် ဘက်စုံသုံးလေယာဉ်ဖြစ်ပြီး နောက်ဆုံးထုတ် Be-200ChS လေယာဉ်သည် ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာအတွက်ထုတ်လုပ်ထားသည့်လေယာဉ်ဖြစ်သည်။
(Credit photos: UAC)
အယ်လ်ဂျီးရီးယားတပ်မတော်သုံး T-90 တင့်များတွင် Shtora-1 စနစ်များတပ်ဆင်သွားမည်
ရုရှားကာကွယ်ရေးဆိုင်ရာသတင်းအရင်းအမြစ်များအရ အယ်လ်ဂျီးရီးယားတပ်မတော်သုံး T-90 ပင်မတိုက်ပွဲဝင်တင့်များတွင် ရုရှားထုတ်နာမည်ကျော် Shtora-1 အီလက်ထရောနစ်တန်ပြန်တိုက်ခိုက်ရေး စနစ်များကို တပ်ဆင်သွားမည်ဟုသိရသည်။ T-90 တင့်များတွင်တပ်ဆင်အသုံးပြုရန် အတွက် အယ်လ်ဂျီးရီးယားနိုင်ငံမှ မှာယူထားသည့် Shtora-1 optical-electronic countermeasure system စနစ်များကို ရုရှားနိုင်ငံမှပေးပို့ ထားပြီး အရေအတွက်အတိအကျကို မသိရှိရပေ။
ရုရှားထုတ်အီလက်ထရောနစ်တန်ပြန်တိုက်ခိုက်ရေးစနစ်နှင့်တန်ပြန်ပေါက်ကွဲအားသုံးကျည်ကာများ (ERA) သည် ဆီးရီးယားပြည်တွင်းစစ်ပွဲ၌ TOW-2A/BGM-71E ပဲ့ထိန်းတင်ဖျက်ဒုံးများကို ကောင်းစွာကာကွယ်ပေးနိုင်ခဲ့သည့် သာဓကများ ရှိခဲ့သောကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားမှုရရှိခဲ့သည့် အီကွေးမန့် များလည်းဖြစ်သည်။
SIPRI ၏သတင်းအချက်အလတ်များအရ ရုရှားနိုင်ငံသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း T-90SA နှင့် T-90MS တင့်အစီး ၃၇၀ ကို အယ်လ်ဂျီးရီးယား နိုင်ငံသို့ ရောင်းချခဲ့ကြောင်း ဖော်ပြထားပြီး Vedomosti သတင်းစာတွင် ဖော်ပြချက်အရ T-90SA တင့်အစီး ၂၀၀ ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ၂၀၁၄ ခုနှစ်က တရားဝင်လိုင်စင်ဖြင့် ကိုယ်ပိုင်ထုတ်လုပ်ရန် သဘောတူ စာချုပ်ချုပ်ထားကြောင်းဖော်ပြထားသည်။
ဓာတ်ပုံ- အယ်လ်ဂျီးရီးယားတပ်မတော်သုံး T-90 ပင်မတိုက်ပွဲဝင်တင့်နှင့် Shtora-1 အီလက်ထရောနစ်တန်ပြန်တိုက်ခိုက်ရေးစနစ်
(Photo by Canal Algérie)
STREIT Group ကုမ္ပဏီက သံချပ်ကာယာဉ် ဒီဇိုင်းအသစ်များအပါအဝင် သံချပ်ကာယာဉ် ၁၃ မျိုးကျော်ကို ထုတ်ဖော်ပြသသွားမည်
ဇွန်လ ၁၃ ရက်နေ့ မှ ၁၇ ရက်နေ့ အထိ ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Eurosatory 2016 ကာကွယ်ရေးဆိုင်ရာစစ်လက်နက်ပြပွဲတွင် STREIT Group ကုမ္ပဏီက သံချပ်ကာယာဉ် ဒီဇိုင်းအသစ်များ အပါအဝင် သံချပ်ကာယာဉ် ၁၃ မျိုးကျော်ကို ထုတ်ဖော်ပြသသွားမည်ဟုသိရသည်။
STREIT Group ကို ကနေဒါနိုင်ငံတွင် ၁၉၉၂ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး သံချပ်ကာလူသယ်ယာဉ်များ၊ တိုက်ယာဉ်များ၊ မိုင်းဒဏ်ခံသံချပ်ကာယာဉ်များ၊ လုံခြုံရေးယာဉ်များနှင့်အခြားသံချပ်ကာယာဉ်အမျိုးမျိုးကိုထုတ်လုပ်၍ ကမ္ဘာ့ နိုင်ငံများသို့ တင်ပို့ ရောင်းချနေသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည်။
28 May 2016
GMLRS အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်များ အစ္စရေးနိုင်ငံသို့ ပေးပို
အမေရိကန် လော့ဟိမာတင်ကုမ္ပဏီထုတ် Guided Multiple Launch Rocket System (GMLRS) အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်များအား အစ္စရေးနိုင်ငံသို့ ပေးပို့ သွားမည်ဟုသိရသည်။
M270A1 (သို့ မဟုတ်) HIMARS launcher system ထဲမှထည့်သွင်းပစ်ခတ်ရသည့် Rocket များသည် ၉၀ ကီလိုဂရမ် အလေးချိန်ရှိထိပ်ဖူးကို တပ်ဆင်ထားကာ ကီလိုမီတာ ၇၀ အကွာအဝေးမှ ပစ်မှတ်အားတိကျစွာပစ်ခတ်နိုင်စွမ်းရှိသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ တွင် ယခင်က ၄၂ ကီလိုမီတာအထိပစ်ခတ်နိုင်သည့် Menatetz အတွဲလိုက်ဒုံးလောင်ချာ စနစ်ကိုအသုံးပြုကြပြီး ယခုအခါ ၄င်းဒုံးစနစ်များကို ကီလိုမီတာ ၇၀ အထိပစ်ခတ်နိုင်အောင်အဆင့်မြင့်တင်၍အသုံးပြုကြသည်။
Photo: M270 MLRS (c) militaryedge.org
Littoral Mission Vessel (LMV) အမျိုးအစား ပထမဆုံးစစ်ရေယာဉ် Independence (15) စင်ကာပူရေတပ်တွင် စတင်တာဝန်ထမ်းဆောင်
စင်ကာပူရေတပ်အတွက်တည်ထားသည့် Littoral Mission Vessel (LMV) အမျိုးအစား ပထမဆုံးစစ်ရေယာဉ် Independence (15) ကို မတ်လ ၂၆ ရက်နေ့ တွင် စင်ကာပူရေတပ်၌ စတင်တာဝန်ထမ်းဆောင်စေပြီး home port အား Tuas Navy Base အဖြစ် သတ်မှတ်ပေးလိုက်သည်။ LMV ရေယာဉ်ကို စင်ကာပူနိုင်ငံရှိ ST Marine, ST Electronics, ဆွီဒင်နိုင်ငံရှိ Saab Kockums AB ကုမ္ပဏီနှင့် DOS National Laboratories တို့မှပူးပေါင်း၍ ST Marine သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ပြီး ကာကွယ်ရေးသိပ္ပံနှင့် နည်းပညာအေဂျင်စီမှ ရေယာဉ်တည်ဆောက်သည့် အစီအစဉ်အားကြီးကြပ်ကွပ်ကဲပေးထားသည်။ ပထမဆုံး LMV စစ်ရေယာဉ်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဂျူလိုင်လ ၃ ရက်နေ့တွင် ရေချခဲ့သည်။
စင်ကာပူရေတပ်အတွက် စစ်ရေယာဉ် စုစုပေါင်း (၈ စင်း) ကို ST Marine သင်္ဘောကျင်းတွင် ၂၀၂၀ ခုနှစ်အထိ တည်ဆောက်ပေးသွားမည်။
Littoral Mission Vessel သည် အလျား မီတာ ၈၀ ၊ အကျယ် ၁၂ မီတာ၊ တန်ချိန် ၁၂၅၀ ရှိပြီး စင်ကာပူရေတပ်တွင် နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်နေပြီးဖြစ်သော Fearless-class ကင်းလှည့် ရေယာဉ် (၁၁) စီး နေရာတွင် အစားထိုး အသုံးပြုသွားရန်နှင့် ပင်လယ်ရေကြောင်း လုံခြုံရေးတာဝန်များကိုထမ်းဆောင်ရန်အတွက် စင်ကာပူရေတပ်က ST Engineering နှင့် စစ်ရေယာဉ် (၈) စင်းတည်ဆောက်မည့် သဘောတူစာချုပ်အား ၂၀၁၃ ခုနှစ်တွင်ချုပ်ဆိုခဲ့သည်။ LMV စစ်ရေယာဉ်များတွင် MTU 20V 4000 M93 အမျိုးအစား ဒီဇယ်အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး အမြန်ဆုံးရေမိုင် ၂၇ မိုင်အထိ ခုတ်မောင်းနိုင်မည်ဖြစ်ကာ ရေမိုင် ၁၅ မိုင်နှုန်းဖြင့် ခရီးမိုင် ၃၅၀၀ ခန့်ကိုစစ်ဆင်နိုင်၍ အရာရှိနှင့် ရေတပ်သား ၂၃ ဦးလိုက်ပါတာဝန် ထမ်းဆောင်နိုင်သည်။ LMV စစ်ရေယာဉ်တွင် Oto Melara 76/62 Super Rapid Main Gun တစ်လက်၊ Rafael Typhoon Mk 25 stabilized naval gun တစ်လက်၊ Hitrole 12.7 mm remote weapons station နှစ်လက်နှင့်စက်သေနတ်ကြီး နှစ်လက်ကို တပ်ဆင်ထားပြီး Bridge အရှေ့ပိုင်းတွင် MBDA VL MICA surface-to-air ကို VLS စနစ်သုံး၍ တပ်ဆင်သွားရန်ရှိကြောင်းသိရသည်။ စစ်ရေယာဉ်ပေါ်တွင် Seahawk ကဲ့သို့အလတ်စား ရဟတ်ယာဉ် တစ်စင်း တက်ဆင်း ပြုလုပ်နိုင်ရန်ကျယ်ပြန့်သည့် Helideck ပါရှိပြီး RHIB boat နှစ်စင်းအတွက် recover & launch နှစ်စုံပါရှိသည်။ ရေယာဉ်ပေါ်တွင် လက်နက်ထိန်းချုပ် ပစ်ခတ်စနစ်များအတွက် Point defence system နှင့် Gun fire control syatem များ၊ ဆက်သွယ်ရေးစနစ်များနှင့် Command စနစ်များအတွက် Combat Management system, Satellite Communication system, Terrestrial Communication system နှင့် Integrated Communication system များ၊ ရေဒါနှင့်အာရုံခံကိရိယာများအတွက် Thales Nederland ကုမ္ပဏီထုတ် NS100 E/F-band Phased Array 3D air & surface surveillance radar system, Kelvin Hugues Sharpeye Navigational radar, Electro-optical fire control system, Infra-red search and track system နှင့် Long range acoustic device တို့ တပ်ဆင်ထားသည်။
စင်ကာပူရေတပ်တွင် အသုံးပြုသွားမည့် LMV စစ်ရေယာဉ် (၈) စင်း အမည်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။) Independence (15)
၂။) Sovereignty (16)
၃။) Unity
၎။) Justice
၅။) Indomitable
၆။) Fortitude
၇။) Dauntless
၈။) Fearless
#Displacement: 1,200 tonnes
(1,180 long tons; 1,320 short tons)
#Length: 80 m (262 ft 6 in)
#Beam: 12 m (39 ft 4 in)
#Propulsion: Combined diesel and diesel (CODAD) arrangement
2 × MTU 20V 4000 M93, each rated at 4,300 kW (5,770 shp)[1]
Total output: 8,600 kW (11,500 shp)
#Speed: Maximum: 27 knots (50.0 km/h; 31.1 mph)
#Cruising: 18 kn (33.3 km/h; 20.7 mph)
#Range: 3,000 nautical miles (5,560 km)
#Complement: Up to 23 baseline crew, up to 30 mission crew
Sensors and processing systems:
#Search_radar: Thales NS 100 S-band multi-function active electronically scanned array radar
#Navigation_radar: Kelvin HughesSharpEye
#Fire_control: Sagem Gun Fire-control System (GFS) [2]
1 × STELOP COMPASS D
Electronic warfare & decoys: STELOP 360° all-round surveillance
#Armament:
: Guns: Oto Melara 76mm Super Rapid gun (mounted in stealth cupola)
: 2 × Hitrole 12.7 mm (0.50 in) RCWS
: 1 × 25mm Mk38 Mod2 Typhoon Weapon Station Stabilised Gun
: 12 × MICA VL
: Non-lethal: 2 x Long-Range Acoustic Device 500 Xtreme (LRAD500X)
#Aviation_facilities: Flight deck for one medium-lift helicopters
Photos: LMV Independence (c) mindef.gov.sg & Mg Ng
PLAAF's Anti-Cruise Missile point defense in action
A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...
-
The SBX (Sea Based X-band) radar is the primary sensor for tracking and engagement in the GBI system. The design is a 22 metre diameter AESA...
-
Chinese NAR-10 / CS/LR14 Tactical Assault Rifle is developed by NORINCO corporation. NAR-10 / CS/LR14 Tactical Assault Rifle includes numbe...
-
Bell 412: Pindad Komodo 4x4 Recon Vehicle: Pindad Upgraded AMX-13: Pindad SBS Tracked MLRS Prototype: