22 September 2016

ရုရှားတပ်မတော်နှင့်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ ကမ်းတက်စစ်ဆင်ရေးအား ပူးပေါင်းလေ့ကျင်နေပုံ။






ရုရှားတပ်မတော်နှင့်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ ကမ်းတက်စစ်ဆင်ရေးအား ပူးပေါင်းလေ့ကျင်နေပုံ။

Source Photos: China Defense Blog

 



 



13 August 2016

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက H225M Caracal ရဟတ်ယာဉ် အစင်း ၃၀ ဝယ်ယူ

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနသည်ဘက်စုံသုံး H225M Caracal ရဟတ်ယာဉ် အစင်း ၃၀  ဝယ်ယူရန်အတွက် Airbus Helicopters ကုမ္ပဏီနှင့်သဘောတူစာချုပ်ကို မကြာသေးခင်က ချုပ်ဆိုလိုက်သည်။ ၄င်းရဟတ်ယာဉ်များကိုကူဝိတ်လေတပ်နှင့် ကူဝိတ်အမျိုးသားလုံခြုံရေးတပ်တို့ တွင် အသုံးပြုသွားမည်ဖြစ်သည်။ H225M Caracal ရဟတ်ယာဉ်များကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေတပ်စစ်ဆင်ရေးများနှင့်စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပြင်အခြားစစ်ဆင်ရေးအမျိုးမျိုးများတွင်လည်းအသုံးပြုနိုင်သည့်ရဟတ်ယာဉ်ဖြစ်သည်။ H225M Caracal ရဟတ်ယာဉ်များကို ပြင်သစ်၊ မက္ကဆီကို၊ ဘရာဇီး၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့ တွင်လည်းအသုံးပြုလျက်ရှိသည်။

Source Photo: http://www.airbushelicopters.com/website/docs_wsw/RUB_271/tile_2870/20151001_Infographic_H225M_poster_EN_low.jpg


09 August 2016

ထိုင်းဘုရင့်တပ်မတော်သည် တရုတ် RA3 Artillery Locating Radar များလက်ခံရရှိ






ထိုင်းဘုရင့်တပ်မတော်သည် တရုတ် Norinco ကုမ္ပဏီထုတ် RA3 Artillery Locating and Fire Correction Radar များ လက်ခံရရှိခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်းကြီးဌာနကအတည်ပြုပြောကြားလိုက်သည်။ RA3 Radar သည် ရန်သူမှပစ်ခတ်လိုက်သည့် အမြောက်၊ ဒုံးလောင်ချာနှင့်မြေပြင်မှမြေပြင်ပစ် ဒုံးပစ်စင်များ၏တည်နေရာကိုချက်ချင်းထောက်လှမ်းသိရှိနိုင်သည့်ရေဒါအမျိုးအစားဖြစ်ပြီးမိမိအမြောက်တပ်ဖွဲ့ အားတန်ပြန်တိုက်ခိုက်နိုင်ရန် အထောက်အကူပေးစွမ်းနိုင်သည့်ရေဒါအမျိုးအစားလဲဖြစ်သည်။ ထို့ အပြင် အနိမ့်ပျံလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ယာဉ်များကိုပင်ထောက်လှမ်းနိုင်သည်။ ၄င်းရေဒါစနစ်တွင် optical infrared system နှင့် sound measuring system များ ပါထည့်သွင်းတည်ဆောက်ထားသောကြောင့် ရန်သူ၏ပုန်းခိုတိုက်ခိုက်ခြင်းကိုကာကွယ်ပေးနိုင်သည်။

Photo : (c) Thailand Artillery Regiment Marine Corps & RA3 Artillery Locating and Fire Correction Radar


အီရန်တပ်မတော်က AK-103 ခြေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူ

အီရန်တပ်မတော်သည် Kalashnikov Group ကုမ္ပဏီနှင့် AK-103 ခြေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူရန်အတွက်သဘောတူလက်မှတ်ကိုရေးထိုးခဲ့သည်။ AK-103 ရိုင်ဖယ်သည် ရုရှားထုတ်ခြေမှုန်းရေးရိုင်ဖယ်အမျိုးအစားဖြစ်ပြီးယနေ့ရုရှားတပ်မတော်တွင်အသုံးပြုနေသည့် AK-74M ခြေမှုန်းရေးရိုင်ဖယ်ကို ပြန်လည် ပြုပြင်မွန်းမံ၍အသစ်ထုတ်လုပ်ထားသည့်ဒီဇိုင်းဖြစ်ပြီးဖွဲ့စည်းပုံနှင့်နည်းပညာပိုင်းတွင်အများစုမှာတူညီကြသည်။ AK-103 ရိုင်ဖယ်တွင် ၇.၆၂ x ၃၉ မမ ကျည်ကိုအသုံးပြုထားပြီး Gas operated မောင်းပြန်စနစ်ကို အသုံးပြုထားသည်။ ရိုင်ဖယ်၏ အလျားသည် ၉၄၃ မီလီမီတာနှင့် အလေးချိန် ၃.၄ ကီလိုဂရမ်ရှိသည်။ မီတာ ၅၀၀ အတွင်းထိရောက်မှုရှိပြီး အမြန်ဆုံးပစ်ခတ်နှုန်းမှာ တစ်မိနစ်လျင် ကျည် ၆၀၀ တောင့်အထိရှိကာ ကျည် ၃၀ တောင့်ပါ ကျည်အိမ်ကို polymer ဖြင့်ပြုလုပ်ထားသည်။ AK-103 ရိုင်ဖယ်တွင် ရုရှားထုတ် AK-47 ရိုင်ဖယ်နှင် အခြား AKM ရိုင်ဖယ်များတွင် တပ်ဆင်အသုံးပြုကြသည့် ကျည်အိမ်များကိုလဲအလွယ်တကူတပ်ဆင်ကာအသုံးပြုနိုင်သည်။ AK-103 ရိုင်ဖယ်ကို ရုရှားအထူးတပ်ဖွဲ့ များတွင် အသုံးပြုကြပြီး လစ်ဗျား၊ ပါကစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံများသို့ တင်ပို့ ရောင်းချထားပြီးဖြစ်ကာအီသီယိုးပီးယား၊ဗင်နီဇွဲလားနှင့်ဗီယက်နမ်နိုင်ငံများတွင်လည်း လိုင်စင်ယူကာထုတ်လုပ်အသုံးပြုလျက်ရှိသည်။


30 May 2016

ကုန်းရေနှစ်သွယ် တက်ဆင်းပြုလုပ်နိုင်သော Be-200ChS လေယာဉ်အားထုတ်ဖော်ပြသ

ရုရှားနိုင်ငံရှိ Beriev လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီ မှ Be-200 လေယာဉ်အား အဆင့်မြင့်တင်၍ တည်ဆောက်ထားသည့် ကုန်းရေနှစ်သွယ် တက်ဆင်းပြုလုပ်နိုင်သော Be-200ChS လေယာဉ်ကို တနင်္လာနေ့ ကပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်သည်။ Beriev ကုမ္ပဏီသည် Be-200ChS လေယာဉ် ၆ စင်းကို အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာသို့ လည်းကောင်း၊ မီးငြိမ်းသက်သည့် စနစ်မပါသည့် Be-200ChS လေယာဉ် ၅ စင်းကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း ၂၀၁၈ ခုနှစ်မတိုင်မီလွဲပြောင်းပေးပို့ သွားရန်ရှိသည်။

တဆက်ထဲတွင် အင်ဒိုနီးရှားနိုင်သည် Be-200 လေယာဉ်များအားရုရှားနိုင်ငံမှဝယ်ယူသွားရန် စိတ်ဝင်စားလျက်ရှိသည်။ Be-200 လေယာဉ်များသည်တောမီးငြိမ်သက်ရာတွင်လည်းကောင်း၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် လည်းကောင်း၊ကင်းလှည့်လေယာဉ်အဖြစ်လည်ကောင်း၊ ကုန်တင်လေယာဉ်အဖြစ်လည်ကောင်း အသုံးပြုနိုင်သည့် ဘက်စုံသုံးလေယာဉ်ဖြစ်ပြီး နောက်ဆုံးထုတ် Be-200ChS လေယာဉ်သည် ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာအတွက်ထုတ်လုပ်ထားသည့်လေယာဉ်ဖြစ်သည်။

(Credit photos: UAC)

အယ်လ်ဂျီးရီးယားတပ်မတော်သုံး T-90 တင့်များတွင် Shtora-1 စနစ်များတပ်ဆင်သွားမည်

ရုရှားကာကွယ်ရေးဆိုင်ရာသတင်းအရင်းအမြစ်များအရ အယ်လ်ဂျီးရီးယားတပ်မတော်သုံး T-90 ပင်မတိုက်ပွဲဝင်တင့်များတွင် ရုရှားထုတ်နာမည်ကျော် Shtora-1 အီလက်ထရောနစ်တန်ပြန်တိုက်ခိုက်ရေး စနစ်များကို တပ်ဆင်သွားမည်ဟုသိရသည်။ T-90 တင့်များတွင်တပ်ဆင်အသုံးပြုရန် အတွက် အယ်လ်ဂျီးရီးယားနိုင်ငံမှ မှာယူထားသည့် Shtora-1 optical-electronic countermeasure system စနစ်များကို ရုရှားနိုင်ငံမှပေးပို့ ထားပြီး အရေအတွက်အတိအကျကို မသိရှိရပေ။

ရုရှားထုတ်အီလက်ထရောနစ်တန်ပြန်တိုက်ခိုက်ရေးစနစ်နှင့်တန်ပြန်ပေါက်ကွဲအားသုံးကျည်ကာများ (ERA) သည် ဆီးရီးယားပြည်တွင်းစစ်ပွဲ၌ TOW-2A/BGM-71E ပဲ့ထိန်းတင်ဖျက်ဒုံးများကို ကောင်းစွာကာကွယ်ပေးနိုင်ခဲ့သည့် သာဓကများ ရှိခဲ့သောကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားမှုရရှိခဲ့သည့် အီကွေးမန့် များလည်းဖြစ်သည်။

SIPRI ၏သတင်းအချက်အလတ်များအရ ရုရှားနိုင်ငံသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း T-90SA နှင့် T-90MS တင့်အစီး ၃၇၀ ကို အယ်လ်ဂျီးရီးယား နိုင်ငံသို့ ရောင်းချခဲ့ကြောင်း ဖော်ပြထားပြီး Vedomosti သတင်းစာတွင် ဖော်ပြချက်အရ T-90SA တင့်အစီး ၂၀၀ ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ၂၀၁၄ ခုနှစ်က တရားဝင်လိုင်စင်ဖြင့် ကိုယ်ပိုင်ထုတ်လုပ်ရန် သဘောတူ စာချုပ်ချုပ်ထားကြောင်းဖော်ပြထားသည်။

ဓာတ်ပုံ- အယ်လ်ဂျီးရီးယားတပ်မတော်သုံး T-90 ပင်မတိုက်ပွဲဝင်တင့်နှင့် Shtora-1 အီလက်ထရောနစ်တန်ပြန်တိုက်ခိုက်ရေးစနစ်

(Photo by Canal Algérie)

STREIT Group ကုမ္ပဏီက သံချပ်ကာယာဉ် ဒီဇိုင်းအသစ်များအပါအဝင် သံချပ်ကာယာဉ် ၁၃ မျိုးကျော်ကို ထုတ်ဖော်ပြသသွားမည်

ဇွန်လ ၁၃ ရက်နေ့ မှ ၁၇ ရက်နေ့ အထိ ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Eurosatory 2016 ကာကွယ်ရေးဆိုင်ရာစစ်လက်နက်ပြပွဲတွင် STREIT Group ကုမ္ပဏီက သံချပ်ကာယာဉ် ဒီဇိုင်းအသစ်များ အပါအဝင် သံချပ်ကာယာဉ် ၁၃ မျိုးကျော်ကို ထုတ်ဖော်ပြသသွားမည်ဟုသိရသည်။

STREIT Group ကို ကနေဒါနိုင်ငံတွင် ၁၉၉၂ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး သံချပ်ကာလူသယ်ယာဉ်များ၊ တိုက်ယာဉ်များ၊ မိုင်းဒဏ်ခံသံချပ်ကာယာဉ်များ၊ လုံခြုံရေးယာဉ်များနှင့်အခြားသံချပ်ကာယာဉ်အမျိုးမျိုးကိုထုတ်လုပ်၍ ကမ္ဘာ့ နိုင်ငံများသို့ တင်ပို့ ရောင်းချနေသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည်။

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...