21 October 2013

Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်

Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်

ရုရှားရဟတ်ယဉ်ကုမ္ပဏီ Rosvertol မှ Rostov Helicopter Plant ကိုအခြေခံ၍ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို တည်ဆောက်ခဲ့ပါတယ်။

Mi-24 ကိုအခြေခံထားတဲ့ Mi-35 ရဲ့အခန်းကဏ္ဍမျိုးစုံက ပြိုင်ဘက်မရှိတိုးတက်လာခဲ့ပါတယ်။ ဒီရဟတ်ယာဉ်အောင်မြင်မှုဟာ ရုရှားနိုင်ငံရဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်သမိုင်းမှာဂုဏ်ယူစွာ ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းလုံး တိုက်ခိုက်ရေးရဟတ်ယာဉ်ထုတ်လုပ်မှုများအတွက်တော့ မှတ်ကျောက်တစ်ခုလည်းဖြစ်လာပါတယ်။

  2005 ခုနှစ်မှာ Rosvertol (Rostov Helicopter Plant) ထုတ်လုပ်ပြီး Mi-35 ၏တိုးတက်မှုအတွက်စံပြ အနေနဲ့ အသုံးပြုခဲ့တယ်။ ရှေ့က Mi-24 လုပ်ဆောင်သူကဲ့သို့ Mi-35 သည် စစ်ဆင်နိုင်မှုစွမ်းရည်နှင့် ခိုင်မာ ကောင်းမွန်မှု အပူချိန်အနိမ့်အမြင့်၊ ပင်လယ်ရေမျက်နှာပြင်အမြင့်စသော ရာသီဥတုနှင့် မြေပထ၀ီ အလိုက်ပျံသန်းနိုင်ပါတယ်။

    Mi-35 သည် ကမ္ဘာတစ်ဝန်းလုံးတွင် ၀ယ်လိုအားကောင်းပါတယ်။ အထူးသဖြင့် ရုရှားနဲ့CIS(ဆိုဗီယက်ပြိုကွဲပြီးခွဲထွက်လာတဲ့နိုင်ငံများ) နိုင်ငံ တွေမှာပါ။ ဈေးကွက်အသစ်ကတော့ တောင်အမေရိမှာပါ။ ဒီနိုင်ငံတွေက သူတို့ရဲ့ စစ်သင်္ဘောတွနဲ့ ဒီပြိုင်ဘက်ကင်းတဲ့ ရဟတ်ယာဉ်တွေကို ပေါင်းစပ်ပြီးအသုံးပြုနေလို့ ပဲဖြစ်ပါတယ်။

  Mi-35 ကိုခောတ်မှီအဆင့်မြင့် တိကျသောလက်နက်များဖြင့်တပ်ဆင်ထားတယ်။ ကြည်းတပ်တိုက်ပွဲအတွက်ထောက်ပံ့ပေးရန် နဲ့ သံချပ်ကာတပ်ဖွဲ့ တွေရဲ့ပစ်မှတ်များကို ခြေမှုန်းတိုက်ခိုက်ဖျက်ဆီးရန် နေ့ရောညပါ သုံးနိုင်ပြီးသယ်ယူပို့ဆောင်ရေးတွင်လဲသုံးနိုင်ပါတယ်။ Mi-35 သည် ထိရောက်မှုရှိရုံသာမက ဈေးနှုန်းလည်း မြင့်မားပါတယ်။  

   Mi-35 ရဲ့ အဓိကကောင်းကျိုးကတော့ တိုက်ပွဲမှာ အချိန်ပြည့် စွမ်းဆောင်မှုရှိတာပါ။ ရုပ်သံလိုင်းနဲ့ ပုံရိပ်များတွေကိုပါ စောင့်ကြည့်ထောက်လှမ်းနိုင်သည့် စနစ်များ၊ပစ်မှတ်ရှာစနစ်များ၊တည်နေရာရှာတဲ့စနစ်များနှင့်လုပ်ဆောင်မှုပုံစံမျိုးစုံပါရှိသော Mi-35 ပေါ်ထွက်လာပါပြီ၊ လေယာဉ်မှုးများ ရင်ဆိုင်ရတဲ့ လိုအပ်ချက်တွေကို လျော့ချချင်ရုံသာမက လေယာဉ်ရဲ့ လက်နက်ကိရိယာကို ဘယ်အချိန်မဆို အသုံးပြုနိုင်ပါတယ်။ ဒီလေယာဉ်က အဆင့်နိမ့်စွာ ပြင်ဆင်ထားတဲ့ ဧရိယာမှာတောင် မြေပြင်မှ အောင်မြင်စွာ ထွက်ခွာနိုင်စွမ်းရှိပါတယ်။

Mi-35 ရဟတ်ယာဉ်သည် ညဘက်တွင် (၄ ကီလိုမီတာ) ထက်ပိုသော အကွာအဝေးမှ အရာဝတ္ထု များကို သတိထားမိစေသော IRTV-445MGH စနစ်ပါသည့် လေကာမှန်ပါရှိတယ်။
ဒါ့အပြင် လေယာဉ်ရဲ့ လက်ရှိရောက်နေတဲ့ နေရာကို ဖော်ပြပေးနိုင်သော GPS115L GARMIN စနစ်လည်း ပါရှိပါတယ်။

Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် မှာပါဝင်တဲ့အချက်တွေကတော့-

>>  TV3 – 117VMA အင်ဂျင်
>> အိတ်ဇောအအေးပေးစနစ်ပါတဲ့ EVU
>> ညဘက်တွင် အမြင်ရှင်းလင်းသည့် လေကာမှန်ပါဝင်သော ပြင်ပအလင်းရောင် ၀င်ရောက်ရန်လွယ်ကူသည့် ညဘက်သုံးနိုင်သည့်စနစ်
>> လေယာဉ်မှုးထိုင်ခုံ ပြောင်းလဲ(adjust) နိုင်မှု
>> Czech ထုတ် LUN 1241 အမျိုးအစားအရန် backup ဘထရီပါဝင်
>> “VARTA”  ဘက်ထရီသိုလှောင်မှု
>>  အရပ်သား၊ ရန်သူ၊ မိတ်ဆွေ ခွဲခြားပြနိုင်သော (IFF) တုံ့ပြန်မှုစနစ်၊
>>  အချက်ပြခြင်းနှင့် လေယာဉ်ပျံသန်းစဉ် အချက်အလက်များကိုမှတ်တမ်းတင်ထားခြင်းအတွက် စနစ်သစ်များ၊
>> လေယာဉ်တွင် အသုံးပြုသည့် အမြင့်တိုင်း ကိရိယာ (ပေဖြင့်သာ တိုင်းတာခြင်း)
>>  "FLIR" ပစ္စည်း ရွေးချယ်နိုင်မှုနှင့်အတူ လေယာဉ်ကို မလူးမလဲစေရန် ထိန်းမတ်ပေးသည့် ဆူးတောင်/ဒေါက်ပါဝင်ပြီး ညဘက်သုံးစနစ်ပါဝင်တယ်။
>> လုပ်ဆောင်မှုမျိုးစုံပါဝင်သော ရွေ့လျားနိုင်သည့် မြေပုံစနစ်
>> အဆင့်မြှင့်ထားသော ဆက်သွယ်မှုနှင့် လေထိန်းသိမ်းမှုကိရိယာ
>> NATO” စံနှုန်းအတိုင်းပျံသန်းနိုင်မှု
>> “ACR” နှင့် “NATO” စံနှုန်းနှင့်အညီရုပ်ဖျက်နိုင်မှု
>>  အစီအစဉ်ဆွဲခြင်းနှင့်တိုက်ပွဲ ထောက်ပံ့မှုစနစ်တို့ ပဲဖြစ်ပါတယ်။


စည်သူ 
21, Oct 13

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...