Little Bird မောင်းသူမဲ့ရဟတ်ယာဉ်
Little Bird မောင်းသူမဲ့ရဟတ်ယာဉ်ကို ဘိုးရင်းကုမ္ပဏီမှထုတ်လုပ်ပြီး MD 530F အပေါစားရဟတ်ယာဉ်ကိုအခြေခံ၍တည်ဆောက်ထားပါသည်။
Little Bird မှာအင်ဂျင်တစ်လုံးတပ် မောင်းသူမဲ့လေယာဉ်ဖြစ်ပြီး သာမန်ရဟတ်ယာဉ်ကဲ့သို့ လေသူရဲ. ၁-၂ ဦးမှလဲမောင်းနှင်နိုင်သော ၂ မျိုးသုံး ရဟတ်ယာဉ်ဖြစ်ပါသည်။
၎င်းမောင်းသူမဲ့ရဟတ်ယာဉ်ကိုစစ်ဆင်ရေးများတွင်အဝေးထိန်းကိရိယာဖြင့်ထိန်းချုပ်၍လည်ကောင်း၊ရဟတ်ယာဉ်ကိုအစီအစဉ်ပေးညွှန်ကြားပြီး အလိုအလျောက်ထိန်းချုပ်၍လည်ကောင်း အသုံးပြုနိုင်ပါသည်။
Little Bird မောင်းသူမဲ့ရဟတ်ယာဉ်ကို ၂.၇၅ လက်မ ဒုံးကျည်များ၊
၁၂.၇ မီလီမီတာ
GAU-19 စက်သေနတ်နှင့် လေဆာပဲ့ထိန်းလမ်းညွှန်စနစ်ပါတင့်ဖျက်ဒုံးများတပ်ဆင်အသုံးပြုနိုင်ပါသည်။
စည်သူ
21, Oct 13
No comments:
Post a Comment