06 July 2014

ကိုလံဘီယာစစ်တပ်မှ Nexter System ကုမ္ပဏီထုတ် LG1 Mk III ၁၀၅ မမ အမြောက်လက်လက်ခံရရှိ

ကိုလံဘီယာစစ်တပ်မှ Nexter System ကုမ္ပဏီ(ပြင်သစ်)ထုတ် LG1 Mk III ၁၀၅ မမ အမြောက်အသစ်သုံးလက်အား ဇွန်လအတွင်းကလက်ခံရရှိခဲ့သည်။



Nexter System ကုမ္ပဏီထုတ် LG1 Mk III ၁၀၅ မမ အမြောက်တွင် အမြောက်စနစ်အတွက် autonomous ballistic computer တပ်ဆင်ထားပြီးရုတ်ခြည်းတန်ပြန်ပစ်ခတ်တိုက်ခိုက်နိုင်အောင်ဒီဇိုင်းဆွဲထားသည့်အမြောက်ဖြစ်သည်။ LG1 Mk III ၁၀၅ မမ အမြောက်၏အလေးချိန်မှာ ၁,၅၂၀ ကီလိုဂရမ်သာရှိ၍ရဟတ်ယာဉ်တွင်လျှင်မြန်စွာချိတ်ဆက်၍လည်ကောင်း airlift, airdropping အဖြင့်လည်ကောင်း သယ်ယူအသုံးပြုနိုင်ပြီးအာဖကန်စစ်မြေပြင်တွင်လက်တွေ့ အသုံးဝင်ခဲ့သည့်အမြောက်လဲဖြစ်သည်။LG1 Mk III ၁၀၅ မမ အမြောက်တွင် နေရယူခြင်းချိန်တွယ်ခြင်းနှင့်ထိန်းချုပ်ရန်အတွက် inertial navigation စနစ်တပ်ဆင်ထားပြီးချိန်တိုအတွင်းပစ်ခတ်နိုင်ရန်ပြုလုပ်ထားကာ firing control system (system C3l) စနစ်ဖြင့်လဲပေါင်းစပ်အသုံးပြုနိုင်သည်။ LG1 Mk III ၁၀၅ မမ အမြောက်တွင်ပုံမှန်အားဖြင့်အမြောက်တပ်သားငါးဦးအသုံးပြုရသော်လည်းသုံးဦးအထိလျော့၍အသုံးပြုနိုင်ကာနေတိုးစံဖြစ်ထုတ်လုပ်ထားသည့် မည်သည့် ၁၀၅ မမ ကျည်မဆိုထည့်သွင်းပစ်ခတ်နိုင်သည်။

အမြောက်တပ်ဖွဲ့ အနေဖြင့် LG1 Mk III ၁၀၅ မမ အမြောက်အားရုတ်ခြည်းပြန်လည်ပစ်ခတ်နိုင်ရန်အချိန်စက္ကန့် (၃၀)သာလိုအပ်ပြီးတစ်မိနစ်လျှင်ကျည်(၁၂)တောင့်နှူန်းဖြင့်ပစ်ခတ်နိုင်ကာအကွာအဝေး ၁၈.၅ ကီလိုမီတာအထိပစ်ခတ်နိုင်သည်။ ထို့အပြင် LG1 Mk III ၁၀၅ မမ အမြောက်အားစစ်သုံးယာဉ်များဖြင့်ချိတ်ဆက်၍လဲအလွယ်တကူသယ်ယူအသုံးပြုနိုင်သည်။ ယခုအခါကိုလံဘီယာစစ်တပ်တွင် ပြင်သစ်ထုတ် LG1 Mk III ၁၀၅ မမ အမြောက်အလတ် (၂၀) အသုံးပြုလျှက်ရှိပြီးအသုံးပြုလျှက်ရှိသည့်အခြားနိုင်ငံများမှာ-

၁။) အင်ဒိုနီးရှား - ၂၀ လက် (၁၉၉၄)
၂။) ကနေဒါ - ၂၈ လက် (၁၉၉၄)
၃။) ထိုင်း - ၂၄ လက် (၁၉၉၅)
၎။) ဘယ်ဂျီယန် - ၁၄ လက် (၁၉၉၆)
၅။ တောင်အာဖရိက - ၂၀ လက် (၂၀၀၈)

ဖြစ်သည်။








(Photo: Army Recognition)

စည်သူ
06, July 2014

တရုတ်နိုင်ငံထုတ် T-96A ပင်မတိုက်ပွဲဝင်တင့်ကားစမ်းသပ်မောင်းနှင်နေပုံ။


















(Photo: The People’s Liberation Army)

05 July 2014

HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီး





ဗြိတိန်တော်ဝင်ရေတပ်အတွက်တည်ဆောက်ထားသော HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ (၄)ရက်နေ့ကတရားဝင်နာမည်ပေးအခန်းအနားကျင်းပြုလုပ်ခဲ့ပြီးဗြိတိန်ဘုရင်မကြီးတက်ရောက်ခဲ့သည်။ ဗြိတိန်တော်ဝင်ရေတပ်မှ Queen Elizabeth အတန်းအစား MS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးကို ၂၀၀၈ ခုနှစ်မေလ (၂၀) ရက်နေ့တွင်စတင်မှာယူခဲ့ပြီး ၂၀၀၉ ခုနှစ်ဇူလိုင်လ (၇) ရက်နေ့တွင် ဧယာခင်းခဲ့သည်။၎င်းလေယာဉ်တင်သင်္ဘောကြီးကို BAE Systems ကုမ္ပဏီ၊ Thales Group ကုမ္ပဏီနှင့် Babcock Marine ကုမ္ပဏီတို့မှပူပေါင်းတည်ဆောက်ထားပြီးအခြားကုမ္ပဏီငယ်ပေါင်း (၁၀၀) ကျော်နှင့်အလုပ်သမားစုစုပေါင်း ၁၀,၀၀၀ ကျော်တို့ ၏လုပ်အားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီး၏အလျားမှာ ၂၈၀ မီတာ၊အကျယ် ၇၃ မီတာနှင့်တန်ချိန် ၆၅,၀၀ ရှိပြီး တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်အစီး(၄၀)သယ်ဆောင်နိုင်ကာအမြဲတမ်းတပ်ဖွဲ့ ဝင် ၁,၆၀၀ ခန့်လိုက်ပါနိုင်သည်။ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီး စစ်ဆင်နိုင်သည့်အကွာအဝေးမှာ မိုင် ၈,၀၀၀ မှ မိုင် ၁၀,၀၀၀ အထိရှိပြီး တစ်ရက်လျှင် မိုင် ၅၀၀ ခန့်ခုတ်မောင်းနိုင်ကာ အမြန်ဆုံးရေမိုင်(၂၅) မိုင်ခုတ်မောင်းနိုင်သည်။ဗြိတိန်တော်ဝင်ရေတပ်မှ လေယာဉ်တင်သင်္ဘောကြီးအား ၂၀၁၇  ခုနှစ်တွင်စတင်စမ်းသပ်ခုတ်မောင်းမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် F-35II ဂျက်တိုက်လေယာဉ်ဖြင့် Flight trials ပြုလုပ်မည်ဖြစ်ကာ ၂၀၂၀ ခုနှစ်တွင်ဗြိတိန်တော်ဝင်ရေတပ်သို့တပ်တော်ဝင်နိုင်မည်ဖြစ်သည်။ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးတွင်အသုံးပြုသွားမည့်လေယာဉ်များမှာအမေရိကန်ထုတ် F-35B Lightning II တိုက်လေယာဉ်များ၊ Airborne Early Warning စနစ်နှင့်ရေငုတ်သင်္ဘောတိုက်ဖျက်ရေး(ASW) အတွက် Merlin ရဟတ်ယာဉ်များ၊အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်များ Lynx Wildcat ရေငုတ်သင်္ဘောတိုက်ဖျက်ရေး(ASW) ရဟတ်ယာဉ်များနင့်သယ်ယူပို့ဆောင်းရေးအတွက် Chinook ရဟတ်ယာဉ်များဖြစ်သည်။
ဗြိတိန်တော်ဝင်ရေတပ်အတွက်တည်ဆောက်ထားသည့် HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးတစ်စီး၏ ကုန်ကျစရိတ်ကိုယူရိုဒေါ်လာ ၃.၁ ဘီလီယံဟုခန့်မှန်းထားသော်လည်းယနေ့ကုန်ကျစရိတ်မှာယူရိုဒေါ်လာ ၇.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၆ ဘီလီယံ) ခန့်ကုန်ကျခဲ့သည်။



 (HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးပေါ်တွင် F-35II တိုက်လေယာဉ်အားဇူလိုင်လ ၃ ရက်နေ့ကတွေ့ ရပုံ။)


 (HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးပေါ်တွင် F-35II တိုက်လေယာဉ်အားဇူလိုင်လ ၃ ရက်နေ့ကတွေ့ ရပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၃ ရက်နေ့ကတွေ့ ရပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၃ ရက်နေ့ကတွေ့ ရပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးဂရက်ဖစ်ဒီဇိုင်းပုံ)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၄ ရက်နေ့ကတွေ့ ရပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၄ ရက်နေ့ကတွေ့ ရပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၄ ရက်နေ့ကတွေ့ ရပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၄ ရက်နေ့ကတွေ့ ရပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၄ ရက်နေ့ကတွေ့ ရပုံ။)

  
(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၄ ရက်နေ့ကတွေ့ ရပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၄ ရက်နေ့ကတွေ့ ရပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၄ ရက်နေ့ကတွေ့ ရပုံ။)



(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးတည်ဆောက်နေပုံ။)


(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးတည်ဆောက်နေပုံ။)




(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးတည်ဆောက်နေပုံ။)

(Source photos: Royal Navy, Navy News, Battle Machines & Gov.Uk )


စည်သူ
05, July 2013


FM-90 / HQ-7B တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်

FM-90 / HQ-7B တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်


FM-90 တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကိုတရုတ်အကြီးစားစက်ပစ္စည်းများသွင်းကုန်ပို့ကုန်ဆိုင်ရာကော်ပိုရေးရှင်း (CPMIEC) ကထုတ်လုပ်ခဲ့ပြီ FM-80 တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကိုအဆင့်မြင့်တင်ထားသည့်ဒုံးစနစ်ဖြစ်သည်။


 FM-90 တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှာအမြင့် ၆ ကီလိုမီတာ၊အကွာအဝေး ၁၅ ကီလိုမီတာအထိပစ်ခတ်နိုင်ပြီး Command + Electro-Optical Tracking လမ်းညွှန်စနစ်ကိုအသုံးပြုထားကာ အသံထက် ၂.၃ ဆအမြန်နှူန်းဖြင့်အနှိမ့်ပျံပစ်မှတ်များအားပစ်ခတ်နိုင်စွမ်းရှိသည်။ FM-90 လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင်တပ်ဆင်ထားသည့်ရေဒါမှာအကွာအဝေး ၂၅ ကီလိုမီတာ အထိဖမ်းယူနိုင်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင်ဝယ်ယူအသုံးပြုနေသည့်တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်လဲဖြစ်သည်။



(Photo: The People’s Liberation Army)

#The_Armed_Forces_of_the_World


The People's Liberation Army Exercise

Military Exercise 

           (Marine live fire exercise)


   (Marine live fire exercise)


         (Marine live fire exercise)

   

         (Marine live fire exercise)



    (Shenyang MR Confrontational Military Exercise)


   (Shenyang MR Confrontational Military Exercise)



    (Shenyang MR Confrontational Military Exercise

   

      (NJMR Armoured brigade exercise)


      (NJMR Armoured brigade exercise)


Source: The People's Liberation Army

အီရတ်နိုင်ငံမှရုရှားထုတ်တိုက်ခိုက်ရေးရဟတ်ယာဉ်များလက်ခံရရှိ။

အီရတ်နိုင်ငံမှရုရှားထုတ်တိုက်ခိုက်ရေးရဟတ်ယာဉ်များလက်ခံရရှိ။



(ဓါတ်ပုံ- Mi-35M တိုက်ခိုက်ရေးရဟတ်ယာဉ်)

အီရတ်နိုင်ငံမှရုရှားထုတ် Mi-28NE 'Havoc' (Night Hunter) တိုက်ခိုက်ရေးရဟတ်ယာဉ် (၃) စီးနှင့် Mi-35M 'Hind' တိုက်ခိုက်ရေးရဟတ်ယာဉ်အသစ် (၄) စီးအားပထမအသုတ်အဖြင့်လက်ခံရရှိခဲ့ပြီးရုရှားနိုင်ငံမှ Antonov An-124 'Condor' သယ်ယူပို့ ဆောင်ရေးလေယာဉ်ဖြင်သည်ဟုရုရားအခြေဆိုက်မီဒီယာမှ ဇူလိုင်လ ၂ ရက်နေ့ ကထုတ်ပြန်ကြေငြာခဲ့သည်။အီရတ်နိုင်ငံအနေဖြင့်ရုရှားနိုင်ငံမှ Mi-28NE 'Havoc' (Night Hunter) တိုက်ခိုက်ရေးရဟတ်ယာဉ်စုစုပေါင်း (၁၅) စီးနှင့် Mi-35M တိုက်ခိုက်ရေးရဟတ်ယာဉ် စုစုပေါင်း(၂၈) စီးလက်ခံရရှိမည်ဖြစ်သည်။


(ဓါတ်ပုံ- ရုရှားထုတ် Mi-28 တိုက်ခိုက်ရေးရဟတ်ယာဉ်)


#The_Armed_Forces_of_the_World

Leclerc ဆယ်တင်ရေးယာဉ် (ARV)

Leclerc ဆယ်တင်ရေးယာဉ် (ARV)


ပြင်သစ်နို်င်ငံထုတ် Leclerc ARV ဆယ်တင်ရေးယာဉ်မှာ Leclerc ပင်မတိုက်ပွဲဝင်တင့်ကားကိုအခြေခံထားပြီး 
ပြင်သစ်စစ်တပ်သို့  ၁၉၉၉ ခုနှစ်တွင်အစီး ၂၀ စတင်ပေးပို့၍အသုံးပြုခဲ့သည်။ Leclerc ဆယ်တင်ရေးယာဉ်၏အရှေ့ပိုင်းတွင်စစ်မြေပြင်ရှိခလုပ်အတားအဆီးများကိုရှင်းလင်းနိုင်ရန်ဟိုက်ထရောလစ်စနစ်သုံး Dozer (ဂေါ်ပြား) တပ်ဆင်ထားသည်။ Leclerc ARV ဆယ်တင်ရေးယာဉ်၏အဓိက ပင်မကရိန်းမှာ တန် ၃၀ အထိမတင်နိုင်ပြီး ၁၈၀ မီလီမီတာ စတီးဝါယာကြိုးဖြင့်အသုံးပြုပါက ၃၅ တန်အထိမတင်နိုင်ကာယာဉ်အားဆွဲယူပါက တန် ၇၀ အထိဆွဲယူနိုင်သည်။ Leclerc ဆယ်တင်ရေးယာဉ်၏အဓိကလုပ်ငန်းမှာ ငြိနေသောယာဉ်များ၊နွံနစ်နေသောယာဉ်များ၊မှောက်နေသောယာဉ်များနှင့်စက်ချို့ ယွင်းနေသည့်ယာဉ်အပျက်များအားဆယ်ယူဆွဲတင်နိုင်ရန်ဒီဇိုင်းဆွဲထုတ်လုပ်ထားသည်။


 Leclerc ဆယ်တင်ရေးယာဉ်တွင် တပ်ဆင်ထားသည့်ကရိန်းနှင့် winch စနစ်အားလုံးကို Rheinmetall Landsystemes GmbH ကုမ္ပဏီမှထုတ်လုပ်ထားသည်။ Leclerc ဆယ်တင်ရေးယာဉ် တွင်မြင်းကောင်ရေ ၁,၅၀၀ အားထုတ်ပေးနိုင်သည့် ဂျာမနီထုတ် MTU 883 V12 turbocharged ဒီဇယ်အင်ဂျင်ကိုတပ်ဆင်ထားသည်။ Leclerc ဆယ်တင်ရေးယာဉ်တွင် commander, gunner နှင့် handler ဟူ၍တပ်ဖွဲ့ ဝင်သုံးဦးပါဝင်ပြီး ဆယ်တင်ရေးယာဉ်အားထိန်းချုပ်မောင်းနှင်အသုံးပြုနိုင်သည်။ Leclerc ဆယ်တင်ရေးယာဉ်တွင် self-defense အတွက်လက်နက်အဖြင့် ၁၂.၇ မမ စက်သေနတ်ကြီးနှင့်မီးခိုးဗုံးပစ်လောင်ချာများဆပ်ဆင်ထားပြီးမိုင်းရှင်းလင်းရေးစနစ် (mine clearing system) များကိုတပ်ဆင်အသုံးပြုနိုင်သည်။ ယခုအခါ Leclerc ဆယ်တင်ရေးယာဉ် (ARV) ကိုပြင်သစ်နိုင်ငံနှင့် UAE နိုင်ငံတွင်အသုံးပြုလျှက်ရှိသည်။


(Photo: Military-today)


#The_Armed_Forces_of_the_World

  

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...