ကိုလံဘီယာစစ်တပ်မှ Nexter System ကုမ္ပဏီ(ပြင်သစ်)ထုတ် LG1 Mk III ၁၀၅ မမ အမြောက်အသစ်သုံးလက်အား ဇွန်လအတွင်းကလက်ခံရရှိခဲ့သည်။
Nexter System ကုမ္ပဏီထုတ် LG1 Mk III ၁၀၅ မမ အမြောက်တွင် အမြောက်စနစ်အတွက် autonomous ballistic computer တပ်ဆင်ထားပြီးရုတ်ခြည်းတန်ပြန်ပစ်ခတ်တိုက်ခိုက်နိုင်အောင်ဒီဇိုင်းဆွဲထားသည့်အမြောက်ဖြစ်သည်။ LG1 Mk III ၁၀၅ မမ အမြောက်၏အလေးချိန်မှာ ၁,၅၂၀ ကီလိုဂရမ်သာရှိ၍ရဟတ်ယာဉ်တွင်လျှင်မြန်စွာချိတ်ဆက်၍လည်ကောင်း airlift, airdropping အဖြင့်လည်ကောင်း သယ်ယူအသုံးပြုနိုင်ပြီးအာဖကန်စစ်မြေပြင်တွင်လက်တွေ့ အသုံးဝင်ခဲ့သည့်အမြောက်လဲဖြစ်သည်။LG1 Mk III ၁၀၅ မမ အမြောက်တွင် နေရယူခြင်းချိန်တွယ်ခြင်းနှင့်ထိန်းချုပ်ရန်အတွက် inertial navigation စနစ်တပ်ဆင်ထားပြီးချိန်တိုအတွင်းပစ်ခတ်နိုင်ရန်ပြုလုပ်ထားကာ firing control system (system C3l) စနစ်ဖြင့်လဲပေါင်းစပ်အသုံးပြုနိုင်သည်။ LG1 Mk III ၁၀၅ မမ အမြောက်တွင်ပုံမှန်အားဖြင့်အမြောက်တပ်သားငါးဦးအသုံးပြုရသော်လည်းသုံးဦးအထိလျော့၍အသုံးပြုနိုင်ကာနေတိုးစံဖြစ်ထုတ်လုပ်ထားသည့် မည်သည့် ၁၀၅ မမ ကျည်မဆိုထည့်သွင်းပစ်ခတ်နိုင်သည်။
အမြောက်တပ်ဖွဲ့ အနေဖြင့် LG1 Mk III ၁၀၅ မမ အမြောက်အားရုတ်ခြည်းပြန်လည်ပစ်ခတ်နိုင်ရန်အချိန်စက္ကန့် (၃၀)သာလိုအပ်ပြီးတစ်မိနစ်လျှင်ကျည်(၁၂)တောင့်နှူန်းဖြင့်ပစ်ခတ်နိုင်ကာအကွာအဝေး ၁၈.၅ ကီလိုမီတာအထိပစ်ခတ်နိုင်သည်။ ထို့အပြင် LG1 Mk III ၁၀၅ မမ အမြောက်အားစစ်သုံးယာဉ်များဖြင့်ချိတ်ဆက်၍လဲအလွယ်တကူသယ်ယူအသုံးပြုနိုင်သည်။ ယခုအခါကိုလံဘီယာစစ်တပ်တွင် ပြင်သစ်ထုတ် LG1 Mk III ၁၀၅ မမ အမြောက်အလတ် (၂၀) အသုံးပြုလျှက်ရှိပြီးအသုံးပြုလျှက်ရှိသည့်အခြားနိုင်ငံများမှာ-
၁။) အင်ဒိုနီးရှား - ၂၀ လက် (၁၉၉၄)
၂။) ကနေဒါ - ၂၈ လက် (၁၉၉၄)
၃။) ထိုင်း - ၂၄ လက် (၁၉၉၅)
၎။) ဘယ်ဂျီယန် - ၁၄ လက် (၁၉၉၆)
၅။ တောင်အာဖရိက - ၂၀ လက် (၂၀၀၈)
ဖြစ်သည်။
(Photo: Army Recognition)
စည်သူ
06, July 2014
No comments:
Post a Comment