Leclerc ဆယ်တင်ရေးယာဉ် (ARV)
ပြင်သစ်နို်င်ငံထုတ် Leclerc ARV ဆယ်တင်ရေးယာဉ်မှာ Leclerc ပင်မတိုက်ပွဲဝင်တင့်ကားကိုအခြေခံထားပြီး
ပြင်သစ်စစ်တပ်သို့  ၁၉၉၉ ခုနှစ်တွင်အစီး ၂၀ စတင်ပေးပို့၍အသုံးပြုခဲ့သည်။ Leclerc ဆယ်တင်ရေးယာဉ်၏အရှေ့ပိုင်းတွင်စစ်မြေပြင်ရှိခလုပ်အတားအဆီးများကိုရှင်းလင်းနိုင်ရန်ဟိုက်ထရောလစ်စနစ်သုံး Dozer (ဂေါ်ပြား) တပ်ဆင်ထားသည်။ Leclerc ARV ဆယ်တင်ရေးယာဉ်၏အဓိက ပင်မကရိန်းမှာ တန် ၃၀ အထိမတင်နိုင်ပြီး ၁၈၀ မီလီမီတာ စတီးဝါယာကြိုးဖြင့်အသုံးပြုပါက ၃၅ တန်အထိမတင်နိုင်ကာယာဉ်အားဆွဲယူပါက တန် ၇၀ အထိဆွဲယူနိုင်သည်။ Leclerc ဆယ်တင်ရေးယာဉ်၏အဓိကလုပ်ငန်းမှာ ငြိနေသောယာဉ်များ၊နွံနစ်နေသောယာဉ်များ၊မှောက်နေသောယာဉ်များနှင့်စက်ချို့ ယွင်းနေသည့်ယာဉ်အပျက်များအားဆယ်ယူဆွဲတင်နိုင်ရန်ဒီဇိုင်းဆွဲထုတ်လုပ်ထားသည်။
Leclerc ဆယ်တင်ရေးယာဉ်တွင် တပ်ဆင်ထားသည့်ကရိန်းနှင့် winch စနစ်အားလုံးကို Rheinmetall Landsystemes GmbH ကုမ္ပဏီမှထုတ်လုပ်ထားသည်။ Leclerc ဆယ်တင်ရေးယာဉ် တွင်မြင်းကောင်ရေ ၁,၅၀၀ အားထုတ်ပေးနိုင်သည့် ဂျာမနီထုတ် MTU 883 V12 turbocharged ဒီဇယ်အင်ဂျင်ကိုတပ်ဆင်ထားသည်။ Leclerc ဆယ်တင်ရေးယာဉ်တွင် commander, gunner နှင့် handler ဟူ၍တပ်ဖွဲ့ ဝင်သုံးဦးပါဝင်ပြီး ဆယ်တင်ရေးယာဉ်အားထိန်းချုပ်မောင်းနှင်အသုံးပြုနိုင်သည်။ Leclerc ဆယ်တင်ရေးယာဉ်တွင် self-defense အတွက်လက်နက်အဖြင့် ၁၂.၇ မမ စက်သေနတ်ကြီးနှင့်မီးခိုးဗုံးပစ်လောင်ချာများဆပ်ဆင်ထားပြီးမိုင်းရှင်းလင်းရေးစနစ် (mine clearing system) များကိုတပ်ဆင်အသုံးပြုနိုင်သည်။ ယခုအခါ Leclerc ဆယ်တင်ရေးယာဉ် (ARV) ကိုပြင်သစ်နိုင်ငံနှင့် UAE နိုင်ငံတွင်အသုံးပြုလျှက်ရှိသည်။
(Photo: Military-today)
#The_Armed_Forces_of_the_World
No comments:
Post a Comment