FM-90 / HQ-7B တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်
FM-90 တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကိုတရုတ်အကြီးစားစက်ပစ္စည်းများသွင်းကုန်ပို့ကုန်ဆိုင်ရာကော်ပိုရေးရှင်း (CPMIEC) ကထုတ်လုပ်ခဲ့ပြီ FM-80 တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကိုအဆင့်မြင့်တင်ထားသည့်ဒုံးစနစ်ဖြစ်သည်။
FM-90 တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှာအမြင့် ၆ ကီလိုမီတာ၊အကွာအဝေး ၁၅ ကီလိုမီတာအထိပစ်ခတ်နိုင်ပြီး Command + Electro-Optical Tracking လမ်းညွှန်စနစ်ကိုအသုံးပြုထားကာ အသံထက် ၂.၃ ဆအမြန်နှူန်းဖြင့်အနှိမ့်ပျံပစ်မှတ်များအားပစ်ခတ်နိုင်စွမ်းရှိသည်။ FM-90 လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင်တပ်ဆင်ထားသည့်ရေဒါမှာအကွာအဝေး ၂၅ ကီလိုမီတာ အထိဖမ်းယူနိုင်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင်ဝယ်ယူအသုံးပြုနေသည့်တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်လဲဖြစ်သည်။
(Photo: The People’s Liberation Army)
#The_Armed_Forces_of_the_World
No comments:
Post a Comment