ဗြိတိန်တော်ဝင်ရေတပ်အတွက်တည်ဆောက်ထားသော HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ (၄)ရက်နေ့ကတရားဝင်နာမည်ပေးအခန်းအနားကျင်းပြုလုပ်ခဲ့ပြီးဗြိတိန်ဘုရင်မကြီးတက်ရောက်ခဲ့သည်။ ဗြိတိန်တော်ဝင်ရေတပ်မှ Queen Elizabeth အတန်းအစား MS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးကို ၂၀၀၈ ခုနှစ်မေလ (၂၀) ရက်နေ့တွင်စတင်မှာယူခဲ့ပြီး ၂၀၀၉ ခုနှစ်ဇူလိုင်လ (၇) ရက်နေ့တွင် ဧယာခင်းခဲ့သည်။၎င်းလေယာဉ်တင်သင်္ဘောကြီးကို BAE Systems ကုမ္ပဏီ၊ Thales Group ကုမ္ပဏီနှင့် Babcock Marine ကုမ္ပဏီတို့မှပူပေါင်းတည်ဆောက်ထားပြီးအခြားကုမ္ပဏီငယ်ပေါင်း (၁၀၀) ကျော်နှင့်အလုပ်သမားစုစုပေါင်း ၁၀,၀၀၀ ကျော်တို့ ၏လုပ်အားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီး၏အလျားမှာ ၂၈၀ မီတာ၊အကျယ် ၇၃ မီတာနှင့်တန်ချိန် ၆၅,၀၀ ရှိပြီး တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်အစီး(၄၀)သယ်ဆောင်နိုင်ကာအမြဲတမ်းတပ်ဖွဲ့ ဝင် ၁,၆၀၀ ခန့်လိုက်ပါနိုင်သည်။ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီး စစ်ဆင်နိုင်သည့်အကွာအဝေးမှာ မိုင် ၈,၀၀၀ မှ မိုင် ၁၀,၀၀၀ အထိရှိပြီး တစ်ရက်လျှင် မိုင် ၅၀၀ ခန့်ခုတ်မောင်းနိုင်ကာ အမြန်ဆုံးရေမိုင်(၂၅) မိုင်ခုတ်မောင်းနိုင်သည်။ဗြိတိန်တော်ဝင်ရေတပ်မှ လေယာဉ်တင်သင်္ဘောကြီးအား ၂၀၁၇ ခုနှစ်တွင်စတင်စမ်းသပ်ခုတ်မောင်းမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် F-35II ဂျက်တိုက်လေယာဉ်ဖြင့် Flight trials ပြုလုပ်မည်ဖြစ်ကာ ၂၀၂၀ ခုနှစ်တွင်ဗြိတိန်တော်ဝင်ရေတပ်သို့တပ်တော်ဝင်နိုင်မည်ဖြစ်သည်။ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးတွင်အသုံးပြုသွားမည့်လေယာဉ်များမှာအမေရိကန်ထုတ် F-35B Lightning II တိုက်လေယာဉ်များ၊ Airborne Early Warning စနစ်နှင့်ရေငုတ်သင်္ဘောတိုက်ဖျက်ရေး(ASW) အတွက် Merlin ရဟတ်ယာဉ်များ၊အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်များ Lynx Wildcat ရေငုတ်သင်္ဘောတိုက်ဖျက်ရေး(ASW) ရဟတ်ယာဉ်များနင့်သယ်ယူပို့ဆောင်းရေးအတွက် Chinook ရဟတ်ယာဉ်များဖြစ်သည်။
(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၃ ရက်နေ့ကတွေ့ ရပုံ။)
(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးဂရက်ဖစ်ဒီဇိုင်းပုံ)
(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးအားဇူလိုင်လ ၄ ရက်နေ့ကတွေ့ ရပုံ။)

(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးတည်ဆောက်နေပုံ။)
(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးတည်ဆောက်နေပုံ။)
(HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးတည်ဆောက်နေပုံ။)
(Source photos: Royal Navy, Navy News, Battle Machines & Gov.Uk )
စည်သူ
05, July 2013
No comments:
Post a Comment