MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်
MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်ကိုအမေရိကန်နိုင်ငံ Northrop Grumman ကုမ္ပဏီမှထုတ်လုပ်ထားပြီး Bell 407 ရဟတ်ယာဉ်အားပြန်လည်ပြုပြင်ထားခြင်းဖြစ်ပြီးရေတပ်အထူးစစ်ဆင်ရေးများတွင်အသုံးပြုရန်တည်ဆောက်ထားသည့်ရဟတ်ယာဉ်ဖြစ်သည်။ MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်၏အလေးချိန်မှာ ၂.၇ တန်ရှိပြီးအလေးချိန် ပေါင် ၁,၀၀၀ အထိသယ်ဆောင်နိုင်သည်။ ထို့ အပြင် MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်မှာ လေထဲတွင် ၂၄ နာရီကြာမရပ်မနားပျံသန်းနိုင်ပြီးသာမန်ရဟတ်ယာဉ်ကဲ့သို့ဒေါင်လိုက်အဆင်းအတက်ပြုလုပ်နိုင်သည့်မောင်းသူမဲ့ရဟတ်ယာဉ်ဖြစ်သည်။ MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်တွင် တပ်ဆင်နိုင်သည့်လက်နက်များမှာ အကွာအဝေး ၂၀ ကီလိုမီတာ (၁၂ မိုင်) အထိပစ်ခတ်နိုင်သည့် ပစ်မှတ်လမ်းညွှန်စနစ်ပါ AGM-176 Griffin ဒုံးကျည်များ၊ APKWS II ၇၀ မီလီမီတာ guided Rocket များနှင့် ပစ်မှတ်လမ်းညွန်စနစ်ပါ AGM-114 Hellfire တင့်ဖျက်ဒုံးကျည်များ တပ်ဆင်အသုံးပြုနိုင်ပြီး ပစ်မှတ်များကိုစီးနင်းတိုက်ခိုက်နိုင်စွမ်းရှိသည်။ ထို့အပြင် MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယဉ်မှာလက်ရှိအသုံးပြုနေသည့် MQ-8B Fire Scout မောင်းသူမဲ့ရဟတ်ယဉ်ထက်ပိုမိုအကြမ်းခံပြီးအကွာအဝေး (၂ဆ) အထိပျံသန်းနိုင်ခြင်း သတင်းရယူခြင်း၊စောင့်ကြည့်လေ့လာခြင်းနှင့်ထောက်လှမ်းခြင်းလုပ်ငန်းများတွင် MQ-8B ထက် (၃ဆ) လုပ်ဆောင်နိုင်ခြင်းနှင့် Payload ခေါ်အလေးချိန်အားပိုမိုသယ်ဆောင်နိုင်သည့်ရဟတ်ယာဉ်ဖြစ်သည်။
(ဓါတ်ပုံ - MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်အားကယ်လီဖိုးနီးယားပြည်နယ် Newport Beach အနီး truck ကားပေါ်တွင်တွေ့ ရပုံ။)
Northrop ကုမ္ပဏီမှ တည်ဆောက်ထားသည့် MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ် ဒုတိယမြောက်အစီးအားဖေဖော်ဝါရီလ ၁၂ ရက်နေ့ကအမေရိကန်နိုင်ငံရှိ Ventura County ရေတပ်စခန်းဌာနချုပ်တွင် ပထမဆုံးအကြိမ်စမ်းသပ်မောင်းနှင်ပျံသန်းခဲ့သည်။ MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်ပထမဆုံးအစီးအား၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က လေထဲတွင်ပျံသန်းချိန်(၆၆)နာရီအကြာပထမဆုံးအကြိမ်အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့သည့်မောင်းသူမဲ့ရဟတ်ယာဉ်အမျိုးအစားလဲဖြစ်သည်။ အမေရိကန်စစ်တပ်မှ MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယဉ်ကို ၂၀၁၄ ခုနှစ်တွင် စတင်အသုံးပြုသွားမည်ဖြစ်ပြီး Northrop ကုမ္ပဏီမှ အမေရိကန်ရေတပ်အတွက် MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယဉ် (၂၈ စီး) တည်ဆောက်ပေးသွားမည်ဖြစ်သည်။
Source Photo: http://www.aviationtoday.com/Assets/Image/Fire-X[1].jpg
စည်သူ
04, July 2014
No comments:
Post a Comment