T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကား
၂၀၁၁ခုနှစ်မှစတင်၍ရုရှားနိုင်ငံက"Armata"အမည်ရှိနောက်ဆုံးပေါ်ပင်မတိုက်ပွဲဝင်တင့်ကားကိုလျှိုဝှက်စွာစတင်ထုတ်လုပ်ခဲ့သည်။ ယခင်က ရည်ရွယ်ထားသည့် T-95 တင့်ကား ထုတ်လုပ်မည့် အစီအစဉ်ကို ပယ်ဖျက်၍ "Armata"တင့်ကား အားစတင်ထုတ်လုပ်ခဲ့ခြင်းလဲဖြစ်သည်။၂၀၁၅ ခုနှစ် အောင်ပွဲခံနေ့ (Victory Day) စစ်ရေးပြအခမ်းအနားတွင် နောက်ဆုံးပေါ်"Armata"တင့်ကားအားကမ္ဘာကိုထုတ်ဖော်ပြသခဲ့ပြီး ၎င်းတင့်ကား (၃၂) စီးကို မကြာခင် ရုရှားစစ်တပ်သို့  စတင်လွဲအပ်ပေးသွားမည်ဟုသိရသည်။ ယနေ့ လက်ရှိ ရုရှားစစ်တပ်တွင် အသုံးပြုနေသည့် T-90,T-80 နှင့် T-72 တင့်နေရာများတွင်လဲ Armata တင့်များကို အနာဂါတ်တွင် အစားထိုးအသုံးပြုသွားရန်ရည်ရွယ်ထားကြောင်းသိရသည်။
Armata တင့်သည် T-90 မျိုးဆက်ရဲ့နောက်ဆုံးထုတ် T-90MS တင့်အားအခြေခံ၍ပြန်လည်ပြင်ဆင် ထုတ်လုပ်ထားခြင်းဖြစ်နိုင်ကြောင်းနှင့်ပယ်ဖျက်ခဲ့သည့် T-95 တင့်နှင့်အနည်းငယ်တူညီနိုင်ကြောင်းခန့် မှန်းရသည်။
သတင်းပေါက်ကြားမှုမရှိစေပဲလျှိုဝှက်စွာ ထုတ်လုပ်လျှက်ရှိသည့် Armata တင့်တွင်မျိုးဆက်သစ် "Malakhit" တန်ပြန်ပေါက်ကွဲအားသုံးကျည်ကာများတပ်ဆင်ထားမည်ဖြစ်ပြီး Afganit active protection စနစ်အသစ်များ တပ်ဆင်ထားသည်။ T-90 တင့်တွေမှာတပ်ဆင်ထားသည့် 2A46M အမြောက်ထက်ပို၍အဆင့်မြင့်သည့် 2A82 125mm ပြောင်းချောအမြောက်ကို Armata တင့်တွင် တပ်ဆင်ထားပြီးအမြောက်ဆုံလည်မှာလူဖြင့်ထိန်းချုပ်ရန်မလိုသည့် unmanned turret ဖြစ်သည်။ unmanned turret ပေါ်တွင်တပ်ဆင်ထားသည့် 2A82 ၁၂၅ မမ အမြောက်တွင် အလိုအလျောက်ကျည်ထိုးစနစ်ကိုအသုံးပြုထားပြီးပဲ့ထိန်းတင့်ဖျက်ကျည်များကိုလဲအမြောက်ထဲတွင်ထည့်သွင်းပစ်ခတ်နိုင်သည်။ တင့်ထဲတွင်ပဲ့ထိန်းတင့်ဖျက် missile အပါအဝင် ၁၂၅ မမ ကျည် (၄၅)တောင့်ထားသိုရင်နိုင်ရန်ကျည်သိုလှောင်ခန်းပါရှိသည်။ ၎င်းပဲ့ထိန်းတင့်ဖျက်ကျည်များမှာအနိမ့်ပျံရဟတ်ယာဉ်များကိုပင်ပစ်ခတ်နိုင်စွမ်းရှိပြီး ၅ ကီလိုမီတာမှ ၁၂ ကီလိုမီတာ အထိ ပစ်ခတ်နိုင်စွမ်းရှိသည်။ တင့်ထဲတွင်တပ်ဆင်ထားသည့် Automatic fire control system, Fire detection and suppression system နှင့် Battlefield Management System စနစ်များမှာမျိုးဆက်သစ်စနစ်အသစ်များဖြစ်သည်။ တင့်ပေါ်တွင်အရန်လက်နက်အဖြစ် remote control ဖြင့်ပစ်ခတ်ရသည့် ၇.၆၂ မမ စက်သေနတ်ကို turret ပ်ါတွင် တပ်ဆင်ထားသည်။
Armata တင့်တွင် crew သုံးဦးသာ ပါဝင်ပြီး တင့်တပ်ဖွဲ့ သားများအတွက်အကောင်းဆုံးအကာအကွယ်ပေးနိုင်သည့်သံချပ်ကာအခန်းများတပ်ဆင်ထားသည်။ကျည်ထိုးအခန်းနှင့်ခဲယမ်းမီးကျောက်သိုလှောင်အခန်းများနှင့်လဲသီးသန့်ခွဲခြားထားသည်။ Armata တင့်တွင်မြင်ကောင်းရေ ၁,၂၀၀ အားရှိ A-82-2 တာဘိုဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး၎င်းအင်းဂျင်မှာရုရှားထုတ်တင့်အင်ဂျင်များထဲတွင်ပိုမိုကောင်းမွန်တဲ့မျိုးဆက်သစ်အင်ဂျင်တစ်မျိုးလဲဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၉၀ အထိမောင်းနှင်နိုင် ကာ ကီလိုမီတာ ၅၀၀ စစ်ဆင်နိုင်သည်။ တင့်တစ်စီးလုံး၏ အလေးချိန်မှာ ၄၈ တန်ခန့် ရှိသည်။
ရုရှားစစ်တပ်တစ်ခုလုံးအတွက်အနာဂါတ်တွင်ထုတ်လုပ်မည့်သံချပ်ကာယာဉ်များဖြစ်သော Self-propelled ယာဉ်တင်အမြောက်စနစ်များ သံချပ်ကာတိုက်ယာဉ်များ စစ်အင်ဂျင်နီယာသုံးဆယ်တင်ရေး "recovery" ယာဉ်များ လေကြောင်းရန်ကာကွယ်ရေးစနစ်သုံးယာဉ်များ ထောက်ပို့ ယာဉ်များနှင့်အခြာသံချပ်ကာယာဉ်များကို Armata တင့်တွင်အသုံးပြုထားသည့် platform ကိုအသုံးပြုကြတော့မည်ဖြစ်သည်။ လက်ရှိတွင် Armata တင့် platform ကိုအခြေခံ၍ထုတ်လုပ်ထားသည့် အခြားမျိုးကွဲယာဉ်နှစ်မျိုးဖြစ်သောသံချပ်ကာဆယ်တင်ရေးယာဉ်နှင့်အကြီးစားတိုက်ခိုက်ရေးယာဉ်များကို ၂၀၁၃ ခုနှစ်တွင် ရှေးပြေးအဆင့် (Prototype) စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် Victory Day စစ်ရေးပြအခမ်းအနားတွင် တိုက်ယာဉ်များ ပါဝင်ပြသလာသည်ကိုတွေ့ ရသည်။
Si Thu
13rd July, 2015