21 July 2015

မလေးရှားရေတပ်သုံး Scorpene-class ရေငုပ်သင်္ဘောများ

မလေးရှားရေတပ်တွင်အသုံးပြုနေသည့် Scorpene-class အတန်းအစား ရေငုပ်သင်္ဘောများကို ပြင်သစ်နိုင်ငံအခြေစိုက် DCNS ကုမ္ပဏီမှ တည်ဆောက်ပေးထားပြီး၂၀၀၉ ခုနှစ် တွင်လွဲပြောင်းရယူခဲ့သည်။ Scorpene-class သည်ဒီဇယ်အင်ဂျင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပြီးရေအောက်တွင်ဆူညံမှုနည်းပါးကာအနီးအောက်ရောင်ခြည်နှင့်သံလိုက်စက်ကွင်းဖမ်းယူနိုင်မှုအနည်းဆုံးဖြစ်အောင်ဒီဇိုင်းဆွဲပြုလုပ်ထားသည့်ရေငုပ်သင်္ဘောဖြစ်သည်။၎င်းရေငုပ်သင်္ဘောများသည်ပင်လယ်ရေမျက်နှာပြင်ရှိပစ်မှတ်များကိုတိုက်ခိုက်ရန်နှင့်ရေငုတ်သင်္ဘောတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်ဒီဇိုင်းရေးဆွဲထား သည်။

Scorpene-class အတန်းအစား ရေငုပ်သင်္ဘောသည် အလျား ၆၆.၄ မီတာ၊ တန်ချိန် ၁,၆၀၀ ခန့် ရှိသည်။ရေအောက်တွင်ရေမိုင်(၂၀)နှုန်းဖြင့် ခုတ်မောင်းနိုင်ပြီး ရေအောက်အနက် မီတာ ၃၅၀ ကျော်အထိငုပ်လျှိုနိုင်ကာပင်လယ်ရေမျက်နှာပြင်တွင်ရေမိုင်(၁၂)မိုင်နှုန်းဖြင့်ခုတ်မောင်းနိုင်ပါသည်။ စစ်ဆင်နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁,၀၀၀ မှ ၁၂,၀၀၀ ကြားရှိပြီး ပင်လယ်ပြင်တွင် ရက်ပေါင်း(၅၀)ခန့် တာဝန် ထမ်းဆောင်နိုင်ပါသည်။ ရေယာဉ်ပေါ်တွင်အရာရှိနှင့်ရေတပ်သား (၃၂) ဦးသာလိုက်ပါနိုင်သည်။

ရေငုပ်သင်္ဘောပေါ်တွင်လက်နက်များအဖြစ် ၅၃၃ မီလီမီတာ တော်ပီဒိုပစ်လောင်ချာ ၆ စင်းပါရှိသည်။၎င်းတော်ပီဒိုပစ်လောင်ချာမှ Black Shark homing တော်ပီဒိုများနှင့်  ကီလိုမီတာ ၅၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် SM 39 Exocet သင်္ဘောဖျက်ဒုံးများကို ရေအောက်မှပစ်ခတ်နိုင်စွမ်းရှိသည်။ မလေးရှားရေတပ်သုံး Scorpene-class တွင် air-independent propulsion (AIP) စနစ်တပ်ဆင်ထားခြင်းမရှိသော်လည်းခေတ်မှီစနစ်များထည့်သွင်း၍တပ်ဆင်အသုံးပြုနိုင်အောင်ဒီဇိုင်းဆွဲထုတ်လုပ်ထားသည်။မလေးရှားရေတပ်တွင် Scorpene-class အတန်းအစားထဲမှ Tunku Abdul Rahman နှင့်Tun Razak အမည်ရှိရေငုပ်သင်္ဘောနှစ်စင်းအသုံးပြုလျှက်ရှိပါသည်။

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...