26 July 2015

"ဝ"တပ်ဖွဲ့ နှင့်တရုတ်ထုတ် HJ-8 ATGM


"ဝ" အထူးဒေသ(၂) တပ်ဖွဲ့ များတွင် တရုတ်နိုင်ငံထုတ် HJ-8 (Red Arrow-8) wire-guided တင့်ဖျက်ဒုံး (ATGM) များပိုင်ဆိုင်ထားကြောင်းနှင့်လေ့ကျင့်ပစ်ခတ်နေကြောင်း Jane's ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံထုတ် ဒုတိယမျိုးဆက် HJ-8 တင့်ဖျက်ဒုံးစနစ်တွင် wire-guided ပဲ့ထိန်းလမ်းညွှန် စနစ်ကိုအသုံးပြုထားပြီး ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် Norinco ကုမ္ပဏီက စတင်ထုတ်လုပ်ခဲ့သည်။၎င်းဒုံးစနစ်ကိုပါကစ္စတန်နိုင်ငံထုတ်လုပ်ခွင့်လိုင်စင်ယူ၍ Baktar-Shikan အမည်ဖြင့် Kahuta Research Laboratories တွင်ထုတ်လုပ်၍အသုံးပြုသည်။

HJ-8 တင့်ဖျက်ဒုံးစနစ်သည် အလျား ၁၅၆၆ မီလီမီတာ၊အချင်း ၁၂၀ မီလီမီတာနှင့်အလေးချိန် ၂၅ ကီလိုဂရမ်ရှိသည်။ ပဲ့ထိန်းတင့်ဖျက်ဒုံးသည် မီတာ ၃၀၀၀ မှ မီတာ မီတာ ၄၀၀၀ (၂.၅ မိုင်)  အကွာအဝေးအထိပစ်ခတ်နိုင်ပြီး missile ၏အမြန်နှုန်းမှာတစ်စက္ကန့် လျှင် ၇၂၁ ပေ ရှိသည်။ ၎င်းတင့်ဖျက်ဒုံးစနစ်သည်တန်ပြန်ပေါက်ကွဲအားသုံး ကျည်ကာများ(ERA)တပ်ဆင်ထားတဲ့တင့်များနှင့်သံချပ်ကာယာဉ်များကိုပင်ပစ်ခတ်ဖျက်စီးနိုင်စွမ်းလဲရှိပြီး HEAT ထိပ်ဖူးကို တပ်ဆင်ထားသည်ဟုသိရသည်။ HJ-8 သည်ဒေါင့်သုံးချောင်း ပေါ်တွင်တပ်ဆင်ထားသည့် tube-launched အမျိုးအစားဖြစ်ပြီး SACLOS wire guided ကိုအသုံးပြုထားသည်။ ဝါယာကြိုးလမ်းညွှန်စနစ်ကိုအသုံး ပြုထားသည့် HJ-8 တင့်ဖျက်ဒုံးစနစ်သည် အမေရိကန်ထုတ် BGM-71 TOW နှင့်ပြင်သစ်+ဂျာမနီထုတ် MILAN / Euromissile HOT တက်ဖျက်ဒုံးစနစ်များကိုယှဉ်ပြိုင်နိုင်ပြီး အနောက်ဥရောပသုံးနိုင်ငံမှတင်ဖျက်ဒုံးစနစ်များ၊အရှေ့အလယ်ပိုင်းနှင့်အာရှမှတင့်ဖျက်ဒုံးစနစ်များကိုပေါင်းစပ်ကာထုတ်လုပ်ထားသည့်တင့်ဖျက်ဒုံးစနစ်လဲဖြစ်သည်။

HJ-8 တင့်ဖျက်ဒုံးစနစ်တွင်ပါဝင်သည့် ဒေါင့်သုံးချောင်း (tripod) ကို အမေရိကန်ထုတ် BGM-71 TOW  မှလည်ကောင်း၊ ပစ်မှတ်ချိန်ရွယ်သည့်စနစ်ကို ပြင်သစ်+ဂျာမနီထုတ် MILAN မှလည်ကောင်း ဒုံးစနစ်တွင် ထည့်သွင်းပစ်ခတ်ရသည့် missile ကို ဗြိတိန်ထုတ် Swingfire ကိုလည်ကောင်းတုပ၍ ထုတ်လုပ်ထားသည့် ခေတ်မှီတင်ဖျက်ဒုံးစနစ်တစ်မျိုးဖြစ်သည်။ ယနေ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်တွင် HJ-8B တင့်ဖျက်ဒုံးစနစ်ကို WZ-9 ရဟတ်ယာဉ်များနှင့် Mi-17 ရဟတ်ယာဉ်များပေါ်တွင် စံအဖြစ်တပ်ဆင်အသုံးလျှက်ရှိပါသည်။တင့်ဖျက်ဒုံးစနစ်ကိုသံချပ်ကာယာဉ်၊ရဟတ်ယာဉ်နှင့်ဒေါင့်သုံးချောင်းပ်ါတွင်တင်၍လည်ကောင်းအသုံးပြုပစ်ခတ်နိုင်ပြီးနိုင်ငံပေါင်း ၁၈ နိုင်ငံကျော်တွင် ယနေ့ အသုံးပြုလျှက်ရှိသည်။ HJ-8 စနစ်တွင် ထုတ်လုပ်ထားသည့်မျိုးကွဲများထဲတွင် HJ-8A သည် extended-range ဖြစ်ပြီး HJ-8B သည်
ရဟတ်ယာဉ်ပေါ်မှ ပစ်လွှတ်သည်အမျိုးအစားဖြစ်ကာ HJ-8C သည် ERA တပ်ဆင်ထားသည့်တင့်များကို တန်ပြန် တိုက်ခိုက်ရန်ထုတ်လုပ်ထားသည့်အမျိုးအစားဖြစ်သည်။

HJ-8 အခြားမျိုးကွဲများ -

HJ-8D တွင် Tandem warhead တပ်ဆင်ထား။
HJ-8E သည် B နှင့် C ကိုအဆင့်မြင့်တင်ထားပြီး range တိုးထားသည့် အမျိုးအစား။
HJ-8F သည် Bunker buster အမျိုးအစား။
HJ-8FAE တွင် Thermobaric Warhead တပ်ဆင်ထား။
HJ-8L သည် အပေါ့စားဒီဇိုင်း (Lighter weight Model)
HJ-8H သည် HJ-8E အား Modernized ထားသည့်အမျိုးအစားနှင့်
HJ-8S သည် anti-ship role အတွက်ထုတ်လုပ်ထားသည့် အမျိုးအစားဖြစ်သည်။

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...