16 July 2015

R-36M တိုက်ချင်းပစ်ဒုံးပျံများ

R-36M တိုက်ချင်းပစ်ဒုံးပျံများ (ရုရှား)

ရုရှားနိုင်ငံထုတ် R-36M (SS-18 Satan) ဒုံပျံသည် ကမ္ဘာပေါ်တွင် အဝေးဆုံးပစ်ခတ်နိုင်သည့် တိုက်ချင်းပစ် ဒုံးပျံဖြစ်ပြီး အလေးချိန် ၈.၈ တန် ရှိသော ထိပ်ဖူးကို သယ်ဆောင်နိုင်ကာ ကီလိုမီတာ ၁၆,၀၀၀ အထိပစ်ခတ် နိုင်ပါသည်။ R-36M ဒုံပျံတွင် ကီလိုမီတာ ၁၁,၂၀၀  ပစ်ခတ်နိုင်သည့် Mod 1 မှ ကီလိုမီတာ ၁၆,၀၀၀ (၉၉၄၀ မိုင်) အထိ ပစ်ခတ်နိုင်သော Mod 6 အထိ အကွာအဝေးမတူသော ဒုံးမျိုးကွဲ ၆ မျိုး ထုတ်လုပ်ထားပါသည်။

R-36M ဒုံပျံများကို မြေပြင်အခြေစိုက် မြေအောက်ဒုံးပစ်စင် များမှပစ်ခတ်နိုင်ရန်အတွက်သာဒီဇိုင်းဆွဲထားပြီး နျူးကလီးယား ထိပ်ဖူးတစ်စင်းတပ်ဆင်ထားကာ အခြားဒုံးမျိုးကွဲများတွင် MIRV ထိပ်ဖူး ၈ စင်း မှ ၁၀ စင်းအထိ တပ်ဆင်ထားပါသည်။ ထိပ်ဖူးတစ်စင်းတွင် နျူးကလီးယားအလေးချိန် ၅၀kt မှ ၇၅၀kt အထိ တပ်ဆင်ထားပါသည်။ ပထမဆုံးမျိုးကွဲဖြစ်သည့် R-36M (Mod 1) ဒုံးပျံကို ဆိုဗီယက်မဗျူဟာမြောက် ဒုံးတပ်ဖွဲ့  က
၁၉၇၅ ခုနှစ်တွင် စတင်တပ်ဖြန့် ချထားခဲ့သည်။ R-36M ဒုံးပျံသည် အလျား ၃၆.၃ မီတာ အချင်းဝက် ၃ မီတာ ရှိပြီး အလေးချိန် ၂၀၉ တန်မှ၂၁၁ တန် ကြားရှိပါသည်။
ဒုံးပျံတွင် လောင်စာအရည်သုံး အင်ဂျင်ကိုအသုံးပြုထားပြီး အဆင့်နှစ်ဆင့်ပါရှိကာ တစ်စက္ကန့် လျှင် ၇.၉ ကီလိုမီတာ
အမြန်နှုန်းဖြင့်ပျံသန်းနိုင်ပါသည်။ဒုံးပျံတွင်တပ်ဆင်ထားသည့်နျူးကလီးယားထိပ်ဖူးမှာအလွန်လေးလံသောကြောင့်မြင့်မားသည့်အမြန်နှုန်းဖြင့်ပစ်မှတ်များအား တဟုန်ထိုး တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ ဒုံးပျံတွင် ထိပ်ဖူး ၁ စင်းမှ ၁၀ စင်း အထိ သယ်ဆောင်နိုင်ပြီး ရန်သူအားလှည့်စားရန် ထိပ်ဖူးအတု အစင်း ၄၀ အထိပါရှိကာ ဒုံးပျံကာကွယ်ရေးစနစ်များက ကြားဖြတ်တိုက်ခိုက်ရန် အလွန်ခက်ခဲသည့်ဒုံးပျံလဲဖြစ်သည်။

R-36M ဒုံးပျံတစ်စင်းတွင်တပ်ဆင်ထားသည့် MIRV ထိပ်ဖူးများမှာ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်သုံးခုအား ပျက်စီးအောင် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု အချို့ သော့ အစီရင်ခံစာများတွင်ဖော်ပြထားသည်။သက်တမ်းကုန်ဆုံးတော့မည့် R-36M တိုက်ချင်းပစ်ဒုံးပျံ အရေအတွက်ကို ရုရှားနိုင်ငံက တဖြည်းဖြည်း လျော့ချလာခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် R-36M ဒုံးပျံ ၅၉ စင်းသာရှိတော့သည်။ R-36M ဒုံးပျံမျိုးကွဲများထဲမှ အစင်း ၄၀ ခန့် ရှိသော R-36MUTTKh နှင့် R-36M2 ဒုံးပျံများကို ၂၀၁၉ ခုနှစ်အထိ သက်တမ်းတိုးမြင့်ထားသည်။ ရုရှားနိုင်ငံက R-36M တိုက်ချင်းပစ်ဒုံးပျံများအပြင် ပို၍ ခောတ်မှီသော Topol-M ဒုံးပျံများ RS-24 Yars ဒုံးပျံများနှင့် RS-26 Rubezh ဒုံးပျံများကိုလဲ တပ်ဖြန့် ချထားသည်။

စည်သူ
၂၀၁၅ ခုနှစ် ဇူလိုင် ၁၆

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...