12 July 2015

ဗီယက်နမ်ကမ်းခြေစောင့်တပ်က Advance ရေယာဉ်အသစ်နှစ်စီးလကမခံရရှိ

ဗီယက်နမ်နိုင်ငံကာကွယ်ရေးဝန်ကြီးလက်အောက်ခံ Song Thu Corporation မှ တည်ဆောက်ထားသည့် Coast Guard သုံး Advance ရေယာဉ်အသစ်နှစ်စီး (CSB 8002 နှင့် CBS 9004) အား ဇူလိုင်လ (၉) ရက်နေ့ က ဗီယက်နမ်ကမ်းခြေစောင့်တပ်သို့  လွဲပြောင်းပေးအပ် ခဲ့ကြောင်းသိရသည်။ CSB 8002 ရေယာဉ်သည်နိုင်ငံတကာစံနှုန်းနှင့်အညီတည်ဆောက်ထားသည့် ရေကြောင်းရဲတပ်ဖွဲ့ သုံးအမျိုးအစား ဖြစ်ပြီး ၂၃ မမ စက်အမြောက်နှစ်လက်နှင့် ၁၄.၅ မမ စက်သေနတ်ကြီးနှစ်လက်တပ်ဆက်ထားသည်။ရေယာဉ်ပေါ်တွင်အရေးပေါ်ခွဲစိတ်ကုသရန်ခွဲစိတ်ခန်းနှင့်ခေတ်မှီဆေးခန်းများလဲပါရှိပြီးကယ်ဆယ်ရေးအတွက် boatတစ်စုံ နှင့်ရဟတ်ယာဉ်ကွင်းပါရှိသည်။ရေယာဉ်သည်အမြန်ဆုံးရေမိုင်(၂၁)မိုင်နှုန်းဖြင့်ခုတ်မောင်းနိုင်ပြီး ခရီးမိုင် ၅၀၀၀ ခန့် ခရီးနှင်နိုင်သည်။ CBS 9004 သည် ဗီယက်နမ်ကမ်းခြေစောင့်တပ်တွင်ခေတ်အမှီဆုံးကယ်ဆယ်ရေးနှင့်ဆွဲသင်္ဘောအမျိုးအစားရေယာဉ်ဖြစ်ပြီးခေတ်မှီကိရိယာများတပ်ဆင်ထားကာ ပင်လယ်ပြင်တွင် တစ်လခန့် တာဝန်ထမ်းဆောင်နိုင်သည်။

(Photos: congnghe & vietbao)

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...