07 August 2014

ဆွန်နီမွတ်စလင်သူပုန်းများလက်ဘနွန်းနိုင်ငံသို့ ကျုးကျော်ဝင်ရောက်။

ဆွန်နီမွတ်စလင်သူပုန်းများလက်ဘနွန်းနိုင်ငံသို့ ကျုးကျော်ဝင်ရောက်။


ဒါဇင်ပေါင်းများစွာရှိတဲ့ဆွန်နီသူပုန်းများလက်ဘနွန်းနယ်စပ်ကိုဖြတ်ကျော်၍နိုင်ငံအတွင်းသို့ပြောင်းပြောင်းတင်းတင်း ကျူးကျော်ဝင်ရောက်လာသောကြောင့်ဆွန်မီသူပုန်များကိုတိုက်ခိုက်ရန်နိုင်ငံအရှ့ဘက်ရှိဆီးရီးယားနယ်စပ်အနီးသို့ လက်ဘနွန်းစစ်တပ်မှတပ်ဖွဲ့ ဝင်များ၊သံချပ်ကာလူသယ်ယာဉ်များနှင့်ထောင်ပေါင်းများစွာသောစစ်ကူတပ်ဖွဲ့ ဝင်များအားသြဂုတ်လ ၂ ရက်နေ့နေ့လည်ပိုင်းမှစတင်၍နယ်စပ်ဒေသဘက်သို့ တပ်ဖြန့် ချားထားလျှက်ရှိသည်။

သြဂုတ်လ (၄) ရက်နေ့ လက်ဘနွန်းစစ်တပ်မှပြောကြားချက်အရ လက်ဘနွန်းတပ်ဖွဲ့ ဝင် ၁၄ ဦးကျဆုံး၊ 
ဒဏ်ရာရှိသူ ၈၆ ဦးအထိရှိခဲ့ပြီး တပ်ဖွဲ့ ဝင် ၂၂ ယောက်မှာ ပျောက်ဆုံးလျှက်ရှိကြောင်းသိရှိရသည်။
ထို့ အပြင်အရပ်သား ၃ ဦးကိုလဲသူပုန်များမှသတ်ဖြတ်ခဲ့ကြကြောင်း ပျောက်ဆုံးလျှက်ရှိသည့်တပ်ဖွဲ့ ဝင်များအားရှာဖွေလျှက်ရှိကြောင်းထည့်သွင်းပြောကြားလိုက်သည်။

ယခုအခါလက်ဘနွန်းစစ်တပ်မှနယ်စပ်ဒေသရှိဆင်ခြေဖုန်းရပ်ကွက်များတွင်ခိုအောင်းနေသည့်သူပုန်များအားလိုက်လံခြေမှူန်းတိုက်ခိုက်လျှက်ရှိပြီးနယ်စပ်ရှိစခန်များအားစစ်ကူတပ်ဖွဲ့ ဝင်များပေးပို့ ထားကြောင်းသိရှိရသည်။

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...