ရုရှားနိုင်ငံမှ S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်များအား ၂၀၁၆ ခုနှစ်တွင်စတင်တပ်ဖြန့် ချသွားမည်ဟုရုရှားလေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး "Viktor Bondarev" မှသူ၏အစီအစဉ်အားအကြမ်းဖျင်းပြောကြားလိုက်သည်။ ထို့ အပြင်အာတိတ်ဒေသတွင် လဲအခြေခံအဆောက်အအုံးများစတင်တည်ဆောက်ရေးလုပ်ငန်းများပါဝင်သည်ဟုသြဂုတ်လ ၁၀ ရက်နေ့ ကရေဒီယိုအင်တာဗျူးတွင်ထည့်သွင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံထုတ် S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှာလက်ရှိအသုံးပြုနေသည့် S-400 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ထက်အဆင့်မြင့်ပြီးရုရှားလေကြောင်ရန်ကာကွယ်ရေးစနစ်အားလုံး၏ပင်မကြောရိုးတစ်ခုလဲဖြစ်လာမည့်စနစ်လဲဖြစ်သည်။ S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကို Almaz-Antey ကုမ္ပဏီမှဒီဇိုင်းရေးဆွဲထုတ်လုပ်ထားပြီး အောင်မြင်စွာစမ်းသပ်ပစ်ခတ်ခဲ့ပြီးဖြစ်ကာ ၂၀၁၅ခုနှစ်တွင်ဒုံးစနစ်အားအပြီးသတ်ပြီးစီးမည်ဟုဒုံးကျည်ထုတ်လုပ်ရေးကုမ္ပဏီအဆိုအရသိရှိရသည်။ S-500 လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်၏ဒီဇိုင်းမှာ တိုက်လေယာဉ်များ၊တိုက်ချင်းပစ်ဒုံးကျည်များ (ICBM) ၊ အသံထက်မြန်သည့်ခရုဇ်ဒုံးကျည်များ၊Airborne Early Warning & Control လေယာဉ်များ၊ Airborne Warning & Control System လေယာဉ်များကိုအဓိကပစ်ခတ်တိုက်ခိုက်နိုင်ရန်ဒီဇိုင်းရေဆွဲထုတ်လုပ်ထားသည့်တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်လဲဖြစ်သည်။
S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှာအမြင့် ၂၀၀ ကီလိုမီတာနှင့် အကွာအဝေး ၆၀၀ ကီလိမီတာ (၃၇၃ မိုင်) အထိပစ်ခတ်နိုင်ပြီးအသံထက်မြန်သောတိုက်ချင်းပစ်ဒုံကျည် ၁၀ စင်းကိုတပြိုင်နက်ထဲချိတ်ဆက်ပစ်ခတ်နိုင်စွမ်းရှိသည်။ S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှဒုံးကျည်၏အမြန်နှုန်းမှာတစ်စက္ကန့် လျှင် ၇ ကီလိုမီတာရှိသည်။ ထို့အပြင် S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင်ပါဝင်သည့်ရေဒါမှာကီလိုမီတာ ၈၀၀ မှ ၉၀၀ အထိပစ်မှတ်များကိုဖမ်းယူနိုင်စွမ်းရှိကြောင်းသိရှိရသည်။
ရုရှားနိုင်ငံမှအနာဂါတ်အာကာသလေကြောင်းရန်ကာကွယ်ရေးတပ်အတွက် S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်များအား အနည်းဆုံး တပ်ရင်း ၁၀ ရင်းစာမှာယူသွားမည်ဟုခန့် မှန်းရသည်။
No comments:
Post a Comment