ရုရှားနိုင်ငံမှ S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်တပ်ဆင်ထားသည့်ပထမဆုံးတပ်ရင်းကြီးကိုမော်စကိုမြို့နှင့်ရုရှားအလယ်ပိုင်းဒေသတွင်စတင်တပ်ဖြန့် ချထားမည်ဟု ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်မှဗိုလ်ချုပ် "Andrei Demin" မှပြောကြားလိုက်သည်။
ရုရှားနိုင်ငံထုတ် S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှာလက်ရှိအသုံးပြုနေသည့် S-400 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် ထက်အဆင့်မြင့်ပြီးရုရှားလေကြောင်ရန်ကာကွယ်ရေးစနစ်အားလုံး၏ပင်မကြောရိုးတစ်ခုလဲဖြစ်လာမည့်စနစ်လဲဖြစ်သည်။ S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကို Almaz-Antey ကုမ္ပဏီမှဒီဇိုင်းရေးဆွဲထုတ်လုပ်ထားပြီးအောင်မြင်စွာစမ်းသပ်ခဲ့ပြီးဖြစ်သည်။ S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်၏ ဒီဇိုင်းမှာ တိုက်လေယာဉ်များ၊တိုက်ချင်းပစ်ဒုံးကျည်များ(ICBM) ၊ အသံထက်မြန်သည့်ခရုဇ်ဒုံးကျည်များ၊ Airborne Early Warning & Control လေယာဉ်များ၊ Airborne Warning & Control System လေယာဉ်များကိုအဓိကပစ်ခတ်တိုက်ခိုက်နိုင်ရန်ဒီဇိုင်းရေဆွဲထုတ်လုပ်ထားသည့်တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်လဲဖြစ်သည်။
S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှာအမြင့် ၂၀၀ ကီလိုမီတာနှင့် အကွာအဝေး ၆၀၀ ကီလိမီတာ (၃၇၃ မိုင်) အထိပစ်ခတ်နိုင်၍အသံထက်မြန်သောတိုက်ချင်းပစ်ဒုံကျည် ၁၀ စင်းကိုတပြိုင်နက်ထဲချိတ်ဆက်ပစ်ခတ်နိုင်စွမ်းရှိပြီးဒုံးကျည်၏အမြန်နှုန်းမှာတစ်စက္ကန့် လျှင် ၇ ကီလိုမီတာရှိသည်။ ထို့အပြင် S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင်ပါဝင်သည့်ရေဒါမှာကီလိုမီတာ ၈၀၀ မှ ၉၀၀ အထိပစ်မှတ်များကိုဖမ်းယူနိုင်စွမ်းရှိကြောင်းသိရှိရသည်။ရုရှားနိုင်ငံအနေဖြင့်အနာဂါတ်တွင်အာကာသနှင့်လေကြောင်းရန်ကာကွယ်ရေးတပ်အတွက် S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်များအား အနည်းဆုံး တပ်ရင်း ၁၀ ရင်းစာမှာယူအသုံးပြုသွားမည်ဟုခန့် မှန်းရသည်။
(Photo: S-500 Long-range Air Defense System)
No comments:
Post a Comment