04 August 2014

ယူကရိန်းတပ်ဖွဲ့ ဝင် ၄၀၀ ကျော်ရုရှားတွင်ခိုလုံခွင့်တောင်း။



ယူကရိန်းစစ်တပ်မှတပ်ဖွဲ့ ဝင် ၄၀၀ ကျော်မှာရုရှားနယ်စပ်ကိုညလုံးပေါက်ဖြတ်ကျော်၍ခိုလုံခွင့်တောင်းခဲ့ကြောင်း ရုရှားနယ်စပ်ရေးရာဌာနရှိပြောရေးဆိုခွင့်ရှိသူ"Malayev"မှ ITAR-TASS သတင်းဌာနသို့ တနင်္လာနေ့ (သြဂုတ်လ ၄ ရက်)ကပြောကြားလိုက်သည်။

"ယူကရိန်းစစ်တပ်မှတပ်ဖွဲ့ ဝင် ၄၃၈ ဦးမှာ ရုရှားနယ်ခြားစောင့်တပ်အားခိုလုံခွင့်တောင်းခဲ့သောကြောင့်ရုရှားနယ်ခြားစောင့်တပ်မှလူသာချင်းစာနာထောက်ထားခြင်းအားဖြင့်ချက်ချင်းဆုံးဖြတ်ချက်ချကာခိုလုံခွင့်တောင်းသူများအားနှစ်နိုင်ငံနယ်စပ်လမ်းမှရုရှားနိုင်ငံအတွင်းသို့ ဝင်ခွင့်ပေးခဲ့ကြောင်း" "၄င်းခိုလုံခွင့်တောင်ခဲ့သည့်ယူကရိန်းစစ်သားများထဲတွင်ယူကရိန်းနယ်ခြားစောင့်တပ်မှတပ်ဖွဲ့ဝင် ၁၆၄ ယောက်လဲပါဝင်သည်ဟု" "Malayev" မှဖြည့်စွက်ပြောကြားလိုက်သည်။


via.ITAR-TASS

စည်သူ
04, August 2014

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...