ရုရှားနိုင်ငံမှသြဂုတ်လ ၄ ရက်နေ့ မှစတင်ကာ လေတပ်မှတိုက်လေယာဉ်များ၊ဗုံးကျဲလေယာဉ်များနှင့်လေကြောင်းရန်ကာကွယ်ရေးတပ်တို့ ပူးပေါင်း၍အကြီးစားစစ်ရေးလေ့ကျင့်ခန်းစတင်ကျင်းပပြုလုပ်လျှက်ရှိသည်။ ယခုပြုလုပ်နေသည့်လေ့ကျင့်ခန်းတွင် ရုရှားအနောက်ခြမ်းနှင့်အလယ်ပိုင်းဒေသရှိလေတပ်နှင့်လေကြောင်းရန်ကာကွယ်ရေးတပ်များပါဝင်ပြီးရုရှားလေတပ်ဦးစီးချုပ်မှလေ့ကျင့်ခန်းအားဦးစီးကွပ်ကဲလျှက်ရှိကြောင်းလေ့ကျင့်ခန်းမှာ သြဂုတ်လ ၄ ရက်နေ့ မှ ၈ ရက်နေ့ အထိဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဌာနမှပြောကြားလိုက်သည်။
လေတပ်လေ့ကျင့်ခန်းတွင်ရုရှားလေတပ်မှ
Su-27 တိုက်လေယာဉ်များ၊ MiG-31 ကြားဖြတ်တိုက်လေယာဉ်များ၊ Su-24 တိုက်လေယာဉ်များ၊ Su-34 တိုက်လေယာဉ်/ဗုံးကျဲလေယာဉ်များ၊ Mi-8 သယ်ယူပို့ ဆောင်ရေးရဟတ်ယာဉ်များ၊ Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် Mi 28N တိုက်ခိုက်ရေးရဟတ်ယာဉ်များပါဝင်ပြီးတိုက်လေယာဉ်နှင့်ရဟတ်ယာဉ်စုစုပေါင်းအစီး ၁၀၀ ကျော်ပါဝင်လေ့ကျင့်လျှက်ရှိသည်ဟုရုရှားလေတပ်မှဗိုလ်မှူးကြီး"IKlimov" မှတနင်္လာနေ့ ကပြောကြားခဲ့သည်။
လေ့ကျင့်ခန်းတွင်မြေပြင်နှင့်ဝေဟင်မှပစ်မှတ်များအားဒုံးကျည်အစစ်များဖြင့်ပစ်ခတ်လေ့ကျင့်မည်ဖြစ်ပြီးမြေပြင်မှဝေဟင်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးများအား electronic launches ကိုအသုံးပြု၍ပစ်ခတ်ကာပစ်ခတ်နှူန်းအသစ်များအားရယူသွားမည်ဖြစ်သည်။
ယခုလေ့ကျင့်ခန်းမှာလေတပ်နှင့်လေကြောင်းရန်ကာကွယ်ရေးတို့အကြားအပြန်အလှန်အကြိုးပြုစေရန်ရည်ရွယ်၍လေ့ကျင့်လျှက်ရှိကြောင်း ယခုကျင်းပသည့် large-scale လေ့ကျင့်ခန်းမှာနိုင်ငံအတွင်းရှိမတူညီသည့်နယ်မြေဒေသမှတပ်ဖွဲ့ များပါဝင်လေ့ကျင့်ခြင်းဖြစ်ကြောင်းရုရှားလေတပ်မှဗိုလ်မှူးကြီး"IKlimov" မှပြောကြားခဲ့သည်။ လေ့ကျင့်ခန်းတွင်ရုရှားလေတပ်မှ Il-78 tanker လေယာဉ်လဲပါဝင်လေ့ကျင့်မည်ဖြစ်ပြီး
MiG-31 ကြားဖြတ်တိုက်လေယာဉ်များနှင့် Su-34 ဗုံးကျဲလေယာဉ်များမှ လေပေါ်တွင်ဆီဖြည့်သည့်လေ့ကျင့်ခန်းများပြုလုပ်မည်ဖြစ်သည်။ ထို့ အပြင်လေထဲတွင်တိုက်လေယာဉ်များပျံသန်းမည့်ကြာမြင့်ချိန်မှာယခင်ထက်နှစ်ဆရှိမည်ဖြစ်ကြောင်းအချိန် ၈ နာရီခန့် ကြာမြင့်မည်ကြောင်းလေ့တပ်ရှိပြောရေးဆိုခွင့်ရှိသူမှပြောကြားလိုက်သည်။
ယခုကျင်းပပြုလုပ်လျှက်ရှိသည့်လေ့တပ်လေ့ကျင့်ခန်းကိုအနောက်ဥရောပမီဒီယာများမှယူကရိန်းနယ်စပ်အနီးပြုလုပ်လျှက်ရှိကြောင်းယူကရိန်းနိုင်ငံကိုအာရုံစိုက်လာအောင်ဖော်ပြခဲ့ကြပြီးတကယ်တမ်းတွင်ယူကရိန်းနယ်စပ်နှင့်ကီလိုမီတာ ၇၀၀ ခန့်အကွာအဝေး
ကာကစ္စတန်နယ်စပ်အနီးတွင်လေတပ်လေ့ကျင့်ခန်းကိုပြုလုပ်လျှက်ရှိသည်။
စည်သူ
05, August 2014
No comments:
Post a Comment