ဗီယက်နမ်ရေတပ်အတွက်တည်ဆောက်ထားသည့် Varshavyanka အတန်းအစား HQ-185 "Da Nang" အမည်ရှိစတုတ္ထမြောက်ရေငုတ်သင်္ဘောကို ကြသာပတေးနေ့ (သြဂုတ်လ ၂၁ ရက်) က "Baltic Sea" တွင်စမ်းသပ်မောင်းနှင်ခုတ်မောင်းနေပုံ။ (ဓါတ်ပုံ)
ဗီယက်နမ်ရေတပ်အတွက်တည်ဆောက်ပေးထားသည့် Diesel-electric စွမ်းအင်သုံး Varshavyanka class (Project 636.1) ရေငုတ်သင်္ဘောမှာ Kilo-class ရေငုတ်သင်္ဘောကိုပိုမိုကောင်းမွန်အောင်အဆင့်မြင့်တင်ပြုလုပ်ထားပြီးခေတ်မှီကိုယ်ပျောက်နည်းပညာများပေါင်းစပ်ထားတဲ့ခေတ်မှီရေငုတ်သင်္ဘောဖြစ်သည်။ Varshavyanka class ရေငုတ်သင်္ဘော၏ဒီဇိုင်းမှာရန်သူ့ရေငုတ်သင်္ဘောများစစ်သင်္ဘောများနှင့်ကမ်းခြေရှိပစ်မှတ်များကိုပစ်ခတ်တိုက်ခိုက်နိုင်အောင်ဒီဇိုင်းဆွဲတည်ဆောက်ထားပြီးသီးခြားတစ်စင်းထဲသော်လည်ကောင်းစစ်ရေယာဉ်အုပ်စုဖွဲ့ ၍သော်လည်ကောင်း Long Range စစ်ဆင်နိုင်သည့်ရေငုတ်သင်္ဘောအမျိုးအစားလဲဖြစ်သည်။ ထို့အပြင် Varshavyanka class ရေငုတ်သင်္ဘောမှာ ဆူညံမှုနည်းပြီးရေငုတ်သင်္ဘောတိုက်ဖျက်ရေးစနစ်များမမိနိုင်တဲ့အကွာအဝေးမှရန်သူကိုဦးစွာတိုက်ခိုက်နိုင်စွမ်းရှိသည်။
Varshavyanka class ရေငုတ်သင်္ဘော၏အလျားမှာ မီတာ ၇၀ ကျော်ရှိပြီးအလေးချိန်တန်ချိန် ၃,၁၀၀ ကျော်ရှိသည်။ရေငုတ်သင်္ဘောတွင်အရာရှိနှင့်ရေတပ်သား (၅၂)ဦးအထိလိုက်ပါနိုင်ပြီးအကွာအဝေး ၁၂,၀၇၀ ကီလိုမီတာ (မိုင် ၇,၅၀၀) စစ်ဆင်နိုင်စွမ်းရှိသည်။ Diesel-electric စွမ်းအင်အသုံးပြုထားသည့် Varshavyanka အတန်းအစားရေငုတ်သင်္ဘောမှာ တစ်နာရီလျှင်ရေမိုင် ၂၀ မှ ၂၅ မိုင်နှုန်းဖြင့်ခုတ်မောင်းနိုင်ပြီးရေအောက်မီတာ ၂၅၀ မှ မီတာ ၃၀၀ အနက်ထိငုပ်လျှိုးနိုင်စွမ်းရှိသည်။ Varshavyanka class ရေငုတ်သင်္ဘောတွင်လက်နက်အဖြစ်တော်ပီဒိုနှင့်မိုင်းများတပ်ဆင်ထားပြီး ၅၃၃ မီလီမီတာ Torpedo tube (၆) ခုတပ်ဆင်ထားကာတော်ပီဒိုများ၊ Club-S (3M-54E) ခရုဇ်ဒုံးကျည်များထည့်သွင်းပစ်ခတ်နိုင်သည်။ (လေကြောင်းရန်ကာကွယ်ရေးအတွက်လက်နက်စနစ်တပ်ဆင်ထားခြင်းရှိ/မရှိ မသိရ)။ ရေငုတ်သင်္ဘောတွင်တပ်ဆင်ထားသည့် Club-S (3M-54E) ခရုဇ်ဒုံးကျည်မှာပင်လယ်ရေမျက်နှာပြင်ရှိ ပစ်မှတ်များနှင့်ကမ်းခြေရှိမည်သည့်ပစ်မှတ်ကိုမဆို၂၇၅ ကီလိုမီတာအကွာအဝေးမှ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသည်။ရေငုတ်သင်္ဘောတွင်တော်ပီဒိုနှင့်ခရုဇ်ဒုံးကျည် (၁၆) စင်းနှင့်မိုင်း (၂၄) လုံးခန့် တပ်ဆင်ထားသည်။
ရုရှားနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့အကြား ၂၀၀၉ခုနှစ်ကချုပ်ဆိုထားခဲ့သောစာချုပ်အရ Varshavyanka class ရေငုတ်သင်္ဘော (၆) စင်းအား ၂၀၁၆ ခုနှစ်အကုန်တွင်အပြီးတည်ဆောက်ပေး၍လွဲအပ်ပေးရမည်ဖြစ်သည်။
(Photo: ITAR-TASS)
No comments:
Post a Comment