10 August 2014

အမေရိကန်ရေတပ်မှတိုက်လေယာဉ်များ ISIL သူပုန်များအားဗုံးကျဲတိုက်ခိုက်



အမေရိကန်ရေတပ်မှ F/A-18 Hornet တိုက်လေယာဉ်များ အိရတ်နိုင်ငံတောင်ပိုင်း "Irbil" မြို့အနီးတွင်ရှိသည့် ဆွန်နီမွတ်စလင်စစ်သွေးကြွများအသုံးပြုသည့်ယာဉ်တင်အမြောက်များအားအလေးချိန် ပေါင် ၅၀၀ ရှိသည့်လေဆာလမ်းညွှန်စနစ်သုံး JDAM ဗုံးများအသုံးပြုကာသြဂုတ်လ ၈ ရက်နေ့ နံနက် ၆:၀၅ မိနစ်အချိန်ခန့်တွင်စီးနှင်းတိုက်ခိုက်ခဲ့ပြီးအမေရိကန်ရေတပ်လေယာဉ်တင်သင်္ဘောကြီး "USS George HW Bush" (CVN-77) ဆီသို့ပြန်လှည့်သွားခဲ့သည်။ယခုအကြိမ်လေကြောင်းမှတိုက်ခိုက်မှူမှာ
အီရတ်နိုင်ငံအားသိမ်းပိုက်အုပ်ချုပ်ပြီးအလွန်၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လေကြောင်းမှပြန်လာ၍တိုက်ခိုက်ခြင်းလဲဖြစ်သည်။ ISIS (သို့) ISIL သူပုန်များသည်ယာဉ်တင်အမြောက်များအသုံးပြု၍ "Erbil" မြို့ ရှိအမေရိကန်နိုင်ငံသားများကိုကာကွယ်ပေးနေသည့် Kurdish တပ်ဖွဲ့ ဝင်များအားတိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။


အိရတ်နိုင်ငံအတွင်အမေရိကန်သံရုံးများ၊အမေရိကန်နိုင်ငံသားများ(သို့)အမေရိကန်အဆောက်အအုံးများအားသတိဝီရိယကြီးစွားဖြင့်ကာကွယ်သွားမည်ဖြစ်ကြောင်းအမေရိကန်သမ္မတအိုဗားမားမှပြောကြားလိုက်သည်။ ထို့အပြင်အမေရိကန်နိုင်ငံအနေဖြင့်အီရတ်အစိုးရနှင့်တပ်ဖွဲ့ဝင်များအားလိုအပ်သည့်အထောက်အပံ့များအကူအညီများအရေးတကြီးပေးအပ်သွားမည်ဟုထပ်မံပြောကြားခဲ့သည်။










US Navy Photo

ဗုံးကျဲတိုက်ခိုက်ခဲ့သည့်ဗွီဒီယိုဖိုင်ကြည့်ရန်>> http://youtu.be/xhwHG2nwvF4

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...