အမေရိကန်စစ်တပ်မှ အီရတ်နိုင်ငံ Mosul မြို့၏မြောက်ဘက်မှာရှိတဲ့ ISIS (သို့ ) ISIL သူပုန်များအား သြဂုတ်လ ၁၇ ရက်(တနင်္ဂနွေနေ့)က လေကြောင်းမှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်ရဲ့ Central Command ၏ website တွင်ဖော်ပြထားသည်။
တနင်္ဂနွေနေ့ ကလေကြောင်းမှ တိုက်ခိုက်မှူတွင်အမေရိကန်စသ်တပ်မှတိုက်ခိုက်ရေးလေယာဉ်များဗုံးကျဲလေယာဉ်များနှင့်မောင်းသူမဲ့လေယာဉ်များပါဝင်ကြောင်းဖော်ပြထားပြီး သူပုန်းများအသုံးပြုသည့်လက်နက်တပ်ဆင်ထားသောယာဉ် ၁၀ စီး၊ ဟမ်းဗွီးယာဉ် ၇ စီး၊ သံချပ်ကာလူသယ်ယာဉ် ၂ စီးနှင့် checkpoint တစ်ခုအားဖျက်စီးနိုင်ခဲ့ကြောင်း Central Command ၏ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။
(ဓါတ်ပုံ-ပါရှန်ပင်လယ်ကွေ့ အတွင်းရှိအမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS George H.W. Bush ပေါ်မှ F/A-18C Hornet တိုက်လေယာဉ်တစ်စင်းပျံတက်ရန်ပြင်ဆင်နေပုံ။)
No comments:
Post a Comment