13 August 2014

BMD-4M လေကြောင်းချီသံချပ်ကာတိုက်ခိုက်ရေးယာဉ်





 ရုရှားထုတ် BMD-4M လေကြောင်းချီသံချပ်ကာတိုက်ခိုက်ရေးယာဉ်မှာနောက်ဆုံးမျိုးဆက်သံချပ်ကာတိုက်ယာဉ်ဖြစ်ပြီးလေယာဉ်ပေါ်မှလေထီးဖြင့်ဆင်းသက်နိုင်ပြီးလေထီးတပ်သားများအားပစ်ကူပေးခြင်းပြုလုပ်နိုင်သည့်သံချပ်ကာယာဉ်ဖြစ်သည်။ BMD-4M လေကြောင်းချီသံချပ်ကာတိုက်ခိုက်ရေးယာဉ်မှာ BMD-4 (BMP-3M) လေကြောင်းချီသံချပ်ကာတိုက်ခိုက်ရေးယာဉ်ကိုအဆင့်မြင့်တင်ထားသည့်မျိုးကွဲတစ်မျိုးဖြစ်ပြီးရုရှားနိုင်ငံရှိ"Kurganmashzavod"ကုမ္ပဏီမှထုတ်လုပ်ထားသည်။ ၂၀၀၈ ခုနှစ်မတ်လတွင် BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်အား BMP-3 သံချပ်ကာတိုက်ယာဉ်နှင့်အတူလက်တွေ့ စမ်းသပ်မောင်းနှင်ကာစမ်းသပ်မှူများပြုလုပ်ခဲ့ကြပြီး၂၀၁၃ ခုနှစ်စက်တင်ဘာလတွင်ရုရှားနိုင်ငံမှာကျင်းပခဲ့သည့် Russia Arms Expo (RAE) ပြပွဲတွင်ထုတ်ဖော်ပြသခဲ့သည်။ Kurganmashzavod ကုမ္ပဏီအနေဖြင့်လေကြောင်းချီသံချပ်ကာတိုက်ယာဉ် BMD-4M များအားထိန်းသိမ်းမှူကုန်ကျစရိတ်အားလျော့ချနိုင်ရန်ဦးစားပေးထုတ်လုပ်ထားပြီးရုရှားကာကွယ်ရေးဝန်ကြီးဌာန၏မှာယူသည့်ဈေးနှူန်းအတိုင်းကန့်သက်ချက်များအတွင်းထုတ်လုပ်ထားသည်။ ၂၀၁၂ ခုနှစ်တွင်ရုရှားနိုင်ငံမှလေကြောင်းချီတပ်အတွက် BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်အားရွေးချယ်မှာယူခဲ့ပြီး ၂၀၁၄ ခုနှစ်သြဂုတ်လတွင်ပထမဆုံးအသုတ်အဖြင့်သံချပ်ကာယာဉ်ရှစ်စီးအားအမှတ်(၁၀၆)လေကြောင်းချီတပ်သို့လွဲပြောင်းပေးပို့ခဲ့သည်။


၁။) BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်၏လက်နက်အပိုင်း။

 BMD-4M လေကြောင်းချီသံချပ်ကာတိုက်ခိုက်ရေးယာဉ်တွင်  2A70 ၁၀၀ မမ အမြောက်တစ်လက်နှင့် 2A72 ၃၀ မမ စက်အမြောက်တစ်လက်ကိုပင်မလက်နက်အဖြင့်ဆုံလည်ပေါ်တွင်တွဲ၍တပ်ဆင်အသုံးပြုထားပြီးအရန်လက်နက်ငယ်အဖြင့် PKT ၇.၆၂ မမ စက်သေနတ်အားဆုံလည်ထဲတွင်တပ်ဆင်ထားသည်။ BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်တွင် တပ်ဆင်ထားသည့် 2A70 ၁၀၀ မမ အမြောက်တွင်အလိုအလျောက်ကျည်ထိုးသည့်စနစ်တပ်ဆင်ထားပြီး တစ်မိနစ်လျှင်ကျည်တောင့်ရေ ၁၀ မှ ၁၅ တောင့်အထိပစ်ခတ်နိုင်စွမ်းရှိသည်။ သံချပ်ကာယာဉ်တွင် ၁၀၀ မမ ကျည် ၃၄ တောင့်မှာအဆင်သင့်ပစ်ခတ်နိုင်သည့်ပုံစံတွင်ထားရှိပြီး ကျည် ၁၈ တောင့်မှာသီးခြားအပိုပါရှိသည်။ 2A70 ၁၀၀ မမ အမြောက်တွင်အခြား ၁၀၀ မမ အမြောက်ကျည်များနှင့်လေဆာလမ်းညွှန်စနစ်သုံး Arkan Tandem 9M117M1 ၁၀၀ မမ ကျည်များထည့်သွင်းပစ်ခတ်နိုင်ပြီး Arkan ကျည်ဖြင့် မီတာ ၅,၅၀၀ အကွာအဝေးတွင်ရှိသည့်ခေတ်မှီတင့်ကားများအားပစ်ခတ်တိုက်ခိုက်၍ခြိမ်းခြောက်နိုင်စွမ်းရှိကာ အမြင့်မီတာ ၄,၀၀၀ တွင်ရှိသောလေယာဉ်များနှင့်ရဟတ်ယာဉ်များအားပစ်ခတ်တိုက်ခိုက်နိုင်သည်။ BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်တွင် Arkan ၁၀၀ မမ ကျည် ပစ်ခတ်ရန်အသင့် ၄ တောင့်နှင့် အရန် ၄ တောင့်စုစုပေါင်း ကျည် ၈ တောင့်ပါရှိသည်။ BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်အားခြိမ်းခြောက်လာသော သတိမပြုမိစေသည့်တင့်ဖျက်လက်နက်များနှင့်သေးငယ်သည့်အခြားလက်နက်များအား ယာဉ်တွင်တပ်ဆင်ထားသည့် automatic device များမှရှာဖွေ၍အချက်ပြပေးသည်။ ထို့ အပြင် သံချပ်ကာယာဉ်၏ဆုံလည်အရှေ့ဘက်အခြမ်းနှစ်ခုတွင်မီးခိုးဗုံးပစ်လောင်ချာသုံးခုစီအားတပ်ဆင်ထားသည်။ BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်ကိုရွေ့ လျားမောင်းနှင်ချိန်တွင်လည်းကောင်း၊ရပ်နေသောအခါတွင်လည်ကောင်း၊ရေပေါ်ကူးခတ်သွားနေချိန်တွင်လည်ကောင်းနေ့ /ညမရွေးအသုံးပြုပစ်ခတ်နိုင်သည်။ BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်၏လက်နက်စနစ်တွင်ကွန်ပျူတာဖြင့်ထိန်းချုပ်သည့် advanced fire control စနစ်ဆပ်ဆင်ထားပြီး နေ့ /ညအသုံးပြုနိုင်သည့်အမြောက်တပ်သား၏မြင်ကွင်းများ၊ အမိန့် ပေးညွှန်ကြားသူ၏မြင်ကွင်းကျယ် TV-aimed များ၊ အလိုအလျောက်ပစ်မှတ်ရှာဖွေပေးသည့်ကိရိယာများနှင့် automatic device များကို advanced fire control စနစ်ဖြင့်ချိတ်ဆက်အသုံးပြုထားသည်။


၂။) BMD-4M သံချပ်ကာယာဉ်ဒီဇိုင်းနှင့်သံချပ်ကာအပိုင်း။

BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်၏အလျားမှာ ၆ မီတာ၊ အကျယ် ၃.၁၅ မီတာ၊အမြင့် ၂.၇ မီတာနှင့်အလေးချိန် ၁၃.၅ တန်ရှိသည်။ သံချပ်ကာတိုက်ခိုက်ရေးယာဉ်တွင်အမိန့် ပေးညွှန်ကြားသူတစ်ဦး၊ အမြောက်တပ်သားတစ်ဦးနှင့်ယာဉ်မောင်းတစ်ဦးပါဝင်ပြီးတပ်ဖွဲ့ ဝင်ငါးဦး အထိသယ်ဆောင်နိုင်သည်။သံချပ်ကာယာဉ်၏ရှေ့ပိုင်းတွင်ယာဉ်မောင်းအတွက်နေရာတစ်ခုနှင့်ထိုင်ခုံအပိုတစ်ခုပါရှိပြီး hatch cover တစ်ခုစီဖုံးအုပ်ထားသည်။
ယာဉ်မောင်း၏အနောက်ဘက်ဆုံလည်အပေါ်တွင်အမိန့်ပေးညွှန်ကြားသူနှင့်အမြောက်တပ်သားမှနေရာယူထားသည်။
ဆုံလည်၏အနီးတွင်တပ်ဖွဲ့ ဝင်လေးဦးလိုက်ပါနိုင်ရန်ထိုင်ခုံပါရှိပြီးအင်ဂျင်ကိုယာဉ်၏အနောက်ပိုင်းတွင်တပ်ဆင်ထားသည်။
သံချပ်ကာယာဉ်တွင်ဓါတုဇီဝါနှင့်နျူကလီယားလက်နက်များရန်မှကာကွယ်ပေးသည့်စနစ်များအလိုအလျောက်မီးငြိမ်းသတ်ထိန်းချုပ်သည့်စနစ်များနှင့်အပူပေးစနစ်များတပ်ဆင်ထားသည်။ BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်ကိုယ်ထည်အပိုင်းနှင့်ဆုံလည်ကိုအလူမီနီယံဖြင့်ဂဟေဆော်ထားပြီးယာဉ်၏လိုအပ်ချက်အရအလေးချိန်ကိုလျော့ချရန်သံချပ်ကာအထူအားလျော့ချထားသော်လည်းလိုအပ်ပါကသံချပ်ကာများထပ်ပိုး၍တပ်ဆင်အသုံးပြုနိုင်သည်။ ယာဉ်၏အရှေ့ ခြမ်းမှာ ၃၀ မမ ကျည်ဖြင့်တိုက်ရိုက်ပစ်ခတ်မှူဒဏ်ကို ခုခံကာကွယ်နိုင်ပြီး ယာဉ်၏ဘေးဘက်အခြမ်းမှာ ၇.၆၂ မမ ကျည်ဖြင့်ပစ်ခတ်ဒဏ်ကိုခုခံကာကွယ်ပေးနိုင်သည်။


၃။) BMD-4M သံချပ်ကာယာဉ်၏အင်ဂျင်နှင့်မောင်းနှင်မှူအပိုင်း။

BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်၏ power unit နှင့် driving gear မှာ BMP-3 သံချပ်ကာတိုက်ခိုက်ရေးယာဉ်နှင့်တူညီပြီးအင်ဂျင်းကိုမြင်းကောင်ရေ ၅၀၀ အားရှိ UTD-29 multi-fuel ဒီဇယ်အင်ဂျင်တပ်ဆင်ထားသည်။ သံချပ်ကာယာဉ်မှာလမ်းပေါ်တွင် တစ်နာရီလျှင် ၇၀ ကီလိုမီတာအထိမောင်းနှင်နိုင်ပြီး ကီလိုမီတာ ၅၀၀ ခန့် ဆီမဖြည့်ပဲစစ်ဆင်နိုင်သည်။ BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်၏အောက်ပိုင်းစနစ်များကိုဟိုက်ဒရောလစ်အားဖြင့်ချိန်ညှိပြုလုပ်နိုင်သောဆိုင်းထိန်းစနစ်များတပ်ဆင်ထားပြီးယာဉ်နှင့်မြေကြီးအကြား ကြားလွတ်နယ်အား ၁၃၀ မီလီမီတာမှ ၅၃၀ မီလီမီတာ အထိလိုအပ်သလိုချိန်ညှိနိုင်သည်။
ယာဉ်တွင်တပ်ဆင်ထားသည့်ယာဉ်အောက်ပိုင်းဟိုက်ဒရောလစ်စနစ်သုံးဆိုင်းထိန်းများအားယာဉ်မောင်းမှ ၁၀ စက္ကန့် အတွင်း လိုသလိုထိန်းချုပ်ပြီးအနိမ့်အမြင့်ပြုလုပ်နိုင်ပြီးမည်သည့်လမ်းကြမ်းတွင်မဆိုမောင်းနှင်အသုံးပြုနိုင်သည်။ သံချပ်ကာယာဉ်မှာ ၁.၈ မီတာအကျယ်ရှိသည့်မြောင်းကိုကူးဖြတ်နိုင်ပြီး ၀.၈ မီတာအမြင့်ရှိသည့် အတားအဆီးကိုဖြတ်ကျော်နိုင်သည်။  BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်မှာ ကုန်းနှင့်ရေနှစ်သွယ်မောင်းနှင်နိုင်သည့်ယာဉ်ဖြစ်ပြီးရေးထဲတွင်သွားလာနိုင်ရန် water-jet နှစ်ခုအားယာဉ်၏နောက်ပိုင်းတွင် တပ်ဆင်ထားကာတစ်နာရီလျှင် ၁၀ ကီလိုမီတာနှူန်းဖြင့်မောင်းနှင်နိုင်ကာယာဉ်၏အရှေ့ပိုင်းတွင်ရေကာဒလတ်တစ်ခုနှင့်ယာဉ်၏အနောက်ပိုင်းတွင်အသက်ရှူပိုက်ပါရှိသည်။ BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်ကိုအလတ်စားသယ်ယူပို့ ဆောင်ရေးလေယာဉ်များဖြင့်သယ်ယူနိုင်ပြီးရုရှားထုတ် Il-76 ကုန်တင်လေယာဉ်ဖြင့်သယ်ဆောင်မည်ဆိုပါကသံချပ်ကာယာဉ်နှစ်စီးအထိသယ်ဆောင်နိုင်ကာတပ်ဖွဲ့ ဝင်များအား သံချပ်ကာယာဉ်နှင့်အတူလိုက်ပါစေ၍လေထီးဖြင့်သက်မှတ်ထားသည့်နေရာသို့ ဆင်းသက်နိုင်သည်။


BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်အားဆီးနှင်းထဲတွင်စမ်းသပ်မောင်းနှင်သည့်ဗွီဒီယိဖိုင်ရန်>> http://youtu.be/tzkQbUHONtY


BMD-4M သံချပ်ကာတိုက်ခိုက်ရေးယာဉ်အားလေယာဉ်ပေါ်မှလေထီဖြင့်ချကာမြေပြင်နှင့်ရေပေါ်တွင်လေ့ကျင့်ပစ်ခတ်ခြင်းပြုလုပ်ခဲ့သည့်ဗွီဒီယိဖိုင်ကြည့်ရန်>> http://youtu.be/O-UW82_2L8U


ကိုးကား။ 

၁။) Army Recognition
၂။) Military-Today
၃။) Army Technology 






























No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...