14 August 2014

ရုရှားနိုင်ငံတွင်ကျင်းပသည့် Tank Biathlon 2014 တင့်ပြိုင်ပွဲ။


 
  ရုရှားနိုင်ငံတွင်ကျင်းပနေသည့် "Tank Biathlon 2014" တင့်ပြိုင်ပွဲပထမအဆင့်တွင်ရုရှားတင့်အဖွဲ့ မှပထမရရှိထားပြီးအမေရိကန်တင့်အဖွဲ့ မှာ ၂၈ မိနစ် ၅၈ စက္ကန့် ဖြင့်ဒုတိယနေရာတွင် ရှိနေကာ ကာဂျကစ္စတန်တင့်အဖွဲ့ မှ ၂၉ မိနစ် ၅၃ စက္ကန့် ဖြင့်တတိယနေရာတွင်ရှိနေသည်။


"Tank Biathlon 2014" တင့်ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်သည့်နိုင်ငံ ၁၂ နိုင်ငံမှပြိုင်ပွဲဝင်တင့်များမှာ အဟန့်အတားအဆီးများအားရှောင်ရှား၍မြစ်ချောင်းများနှင့်တံတားများကိုဖြတ်ကျော်ရပြီးသတ်မှတ်ထားသည့်ပစ်မှတ်များအားပစ်ခတ်၍ ကီလိုမီတာ ၂၀ ရှိသည့်ခရီးအားမောင်းနှင်ကာပြိုင်ပွဲဝင်ရသည်။ ပြိုင်ပွဲတွင်ထားရှိသည့်ပစ်မှတ်များမှာ မီတာ ၉၀၀ မှ မီတာ၂,၂၀၀ အကွာအဝေးအထိရှိသည်။


ယခုနှစ်ကျင်းပသည့်နိုင်ငံတကာတင့်ပြိုင်ပွဲတွင် ရုရှား၊အမေရိကန်၊တရုတ်၊အန်ဂိုလား၊ဆာဗီးယား၊ဘင်နီဇွဲလား၊အိန္ဒိယ၊မွန်ဂိုလီယား၊ကူဝိတ်၊ဘယ်လာရက်(စ်)၊ကာဂျကစ္စတန်နှင့်ကာဂျစ်စတန်နိုင်ငံတို့ မှတင့်အဖွဲ့ များဝင်ရောက်ယှဉ်ပြိုင်ကြပြီးနိုင်ငံ ၂၀ ကျော်မှကိုယ်စာလှယ်များမှာလေ့လာကြည့်ရှူခဲ့ကြသည်။ 

  
 (ဓါတ်ပုံ-တရုတ်နိုင်ငံထုတ် Type 96A ပင်မတိုက်ပွဲဝင်တင့်ကား)

  ယခုပြိုင်ပွဲတွင်တရုတ်နိုင်ငံမှတင့်တပ်ဖွဲ့ တစ်ဖွဲ့ ထဲသာ ပြည်တွင်းထုတ် Type 96A ပင်မတိုက်ပွဲဝင်တင့်ကားဖြင့်ဝင်ရောက်ယှဉ်ပြိုင်ပြီးအခြားနိုင်ငံများမှာရုရှားထုတ် T-72 ပင်မတိုက်ပွဲဝင်တင့်ကားများဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ "Tank Biathlon 2014" တင့်ပြိုင်ပွဲရက်မှာ သြဂုတ်လ ၄ ရက်နေ့ မှစတင်ပြီး သြဂုတ်လ ၁၆ ရက်နေ့ အထိဖြစ်ပြီးပြိုင်ပွဲကွင်းမှာယခင်နှစ်များတွင်ကျင့်ပခဲ့သည့်ကွင်းတွင်ကျင်းပခဲ့သည်။


 (ဓါတ်ပုံ-တရုတ်နိုင်ငံထုတ် Type 96A ပင်မတိုက်ပွဲဝင်တင့်ကား)


(ဓါတ်ပုံ-ပြိုင်ပွဲဝင်နေသည့် T-72B3 ပင်မတိုက်ပွဲဝင်တင့်ကား)


  (ဓါတ်ပုံ-ပြိုင်ပွဲဝင်နေသည့် T-72B3 ပင်မတိုက်ပွဲဝင်တင့်ကား)


တင့်ပြိုင်ပွဲတွင်ရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်ကြည့်ရန်>>http://youtu.be/XV9II7-ODbw 


(Source Photo: Army Recognition) 


No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...