27 August 2014

Mistral တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်အား Matis MP3 optronic aiming sight တပ်ဆင်၍အဆင့်မြင့်တင်ထားခြင်း။



Mistral တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကိုဥရောပကုမ္ပတစ်ခုဖြစ်တဲ့ MBDA မှဒီဇိုင်းဆွဲထုတ်လုပ်ထားပြီးတပ်ဖွဲ့ ဝင်နှစ်ဦးအသုံးပြုပစ်ခတ်ရသည့်တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ဖြစ်သည်။ Mistral တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင်အသံထက် ၂.၅ ဆ မြန်သောဒုံးကျည်တပ်ဆင်ထားပြီးအမြင့် ၃ ကီလိုမီတာ၊ အကွာအဝေး ၆ ကီလိုမီတာအထိပစ်ခတ်နိုင်ကာဒုံး၏အမြန်နှူန်းကြောင့်ဂျက်တိုက်လေယာဉ်များကိုပင်ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသည်။ ပြင်သစ်နိုင်ငံရှိ Safran (Sagem) ကုမ္ပဏီထုတ် Matis MP3 optronic aiming sight မှာနေ့ /ညအသုံးပြုနိုင်၍ အရေးပါသည့်အချက်အနေဖြင့် Mistral ဒုံးစနစ်လုပ်နိုင်စွမ်းအားကိုပိုမိုကောင်းမွန်စေပါသည်။ Matis MP3 optronic aiming sight တွင် detection နှင့် identification range အားတိုးမြင့်ထားပြီး မတူညီတဲ့ရာသီဥတုမျိုးတွင်ကောင်းစွာအသုံးပြုနိုင်သည်။ ထို့ အပြင်သံလိုက်အိမ်မြောင်နှင့် GPS receiver တပ်ဆင်ထားပြီးပစ်မှတ်အားပစ်ခတ်ခြင်းနှင့်ကာကွယ်ရေးဧရိယာအတွင်းမှာရှိတဲ့ firing posts များအချင်းချင်းချိတ်ဆက်ရာတွင်အထောက်အကူပေးသည်။ Mistral တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကို ၁၉၈၉ ခုနှစ်မှစတင်၍ထုတ်လုပ်ခဲ့ပြီးဥရောပ(၈)နိုင်ငံအပါအဝင်နိုင်ငံ (၂၅) နိုင်ငံမှတပ်ဖွဲ့  ၃၇ ဖွဲ့ တွင်အသုံးပြုလျှက်ရှိသည်။

(Photo: Army Recognition)

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...